Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ်အား တိုက်ခိုက်

၄၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွင် ဒရုန်းနှင့် အာပီဂျီအသုံးပြု၍ လက်နက်ငယ် များဖြင့်ပါ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ယနေ့ နံနက်က မြိုင်မြို့နယ်အဝင်စစ်ကောင်စီဂိတ်အား ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Earthquake People’s Defence Force)
(ယနေ့ နံနက်က မြိုင်မြို့နယ်အဝင်စစ်ကောင်စီဂိတ်အား ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Earthquake People’s Defence Force)

▪️စစ်ကောင်စီတပ်သား နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရဟုဆို

မကွေးတိုင်း၊ မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ် အား ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Earthquake People’s Defence Force က ပြောသည်။

၄၅မိနစ်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွင် ဒရုန်းနှင့် အာပီဂျီအသုံးပြု၍ လက်နက်ငယ် များဖြင့်ပါ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အာပီဂျီဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် စစ်ကောင်စီ၏ ဘန်ကာအပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပူးပေါင်းအဖွဲ့မှရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မြို့သိမ်းတိုက်ပွဲ အစပိုင်းစစ်ဆင်ရေးလို့ ပြောလို့ရတယ်။ဒါပေမယ့် လောလောဆယ်အခြေအနေအရတိုက်ခိုက်ပြီးပြန်ဆုတ်ခဲ့တယ်”ဟု Earthquake People’s Defence Force မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မြိုင်မြို့နယ်အဝင် စစ်ဆေးရေးဂိတ်ကို မြိုင် (ပကဖ) တပ်ရင်း၂ – တပ်ခွဲ(၁)၊ တပ်ခွဲ(၃)၊ ရေစကြိုမြို့နယ် ပကဖ၊Salingyi Special Task Force-SSTF နှင့် Earthquake People’s Defence Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

“မနေ့က ရဲဘော်တစ်ဦးကျပြီး ငါးဦးဒဏ်ရာရတယ်။ သူတို့ကင်းပုန်းနဲ့တွေ့လို့။ ဒီနေ့ ကျွန်တော်တို့အကုန်စုစည်းပြီးတော့ မန္တလေးဘက်ထွက်တဲ့ဂိတ်ကို ဝင်တိုက်တာ။”ဟု မြိုင်(ပကဖ) ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါဂိတ်တွင် စစ်ကောင်စီတပ်သားအင်အား ၁၅ဦးရှိကြောင်း ရဲဘော်များက ပြောသည်။

ထိခိုက်သေဆုံးသူများအား မြိုင်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ရဲဘော်များက ပြောသည်။

စစ်ကောင်စီ၏ မြို့ပြစစ်ဆေးရေးဂိတ်များကို အရှိန်အဟုန်မြှင့်တိုက်ခိုက်နေပြီး မကြာမီအချိန်၌ မြို့သိမ်း တိုက်ပွဲများကို ဆင်နွှဲတော့မည်ဟုလည်း Earthquake People’s Defence Force က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။