Connect with us

Hi, what are you looking for?

သတင်း

ပန်းသပိတ်နေ့ မန္တလေးမှာ ဆရာဝန် အပါအဝင် လူ ၂၀ ခန့် ဖမ်းခံရ

ဖမ်းဆီးထားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီရဲ့သတင်းတွေကိုဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ ၊ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွေမှာတင်ထားတာတွေ့ရပါတယ်။

ဖမ်းဆီးထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို စစ်အုပ်စုက ဖော်ပြထားပုံ
ဖမ်းဆီးထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို စစ်အုပ်စုက ဖော်ပြထားပုံ

ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာကျင်းပတဲ့ ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး မန္တလေးမှာ ဆရာဝန် ၁ ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး ၂၀ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီရဲ့သတင်းတွေကိုဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ ၊ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွေမှာတင်ထားတာတွေ့ရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုလူမှုကွန်ရက်မှာဆုတောင်းခဲ့သူတွေ ၊ ပန်းပန်ထားတဲ့ပုံတင်ထားတဲ့သူတွေနဲ့ မြေပြင်ပန်းသပိတ်မှာပါဝင်သူတွေ လို့ စစ်အုပ်စုဘက်ကဆိုထားပါတယ်။

မြေပြင်သတင်းတွေအရတော့ မြစ်ငယ်မြို့နယ်ထဲက အမျိုးသမီးအများအပြားဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းခံရသူတွေထဲ မန္တလေးမြို့သစ်မှာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသူ ဆရာဝန်အမျိုးသားလည်း ပါတယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။

အဲဒီဆရာဝန်အမျိုးသားကိုဒူးထောက် လက်မြှောက်ခိုင်းထားတဲ့ ပုံကိုလည်း စစ်အုပ်စုဘက်က ထုတ်ပြန်ထားပါသေးတယ်။

ပန်းသပိတ်နေ့မှာ စစ်အုပ်စုဟာ ရန်ကုန်မှာလည်း ကင်းလှည့်ပြီး ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook