Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းသပိတ်နေ့ မန္တလေးမှာ ဆရာဝန် အပါအဝင် လူ ၂၀ ခန့် ဖမ်းခံရ

ဖမ်းဆီးထားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီရဲ့သတင်းတွေကိုဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ ၊ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွေမှာတင်ထားတာတွေ့ရပါတယ်။

ဖမ်းဆီးထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို စစ်အုပ်စုက ဖော်ပြထားပုံ
ဖမ်းဆီးထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံကို စစ်အုပ်စုက ဖော်ပြထားပုံ

ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာကျင်းပတဲ့ ပန်းသပိတ်မှာပါဝင်လို့ဆိုပြီး မန္တလေးမှာ ဆရာဝန် ၁ ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး ၂၀ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီရဲ့သတင်းတွေကိုဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ ၊ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွေမှာတင်ထားတာတွေ့ရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုလူမှုကွန်ရက်မှာဆုတောင်းခဲ့သူတွေ ၊ ပန်းပန်ထားတဲ့ပုံတင်ထားတဲ့သူတွေနဲ့ မြေပြင်ပန်းသပိတ်မှာပါဝင်သူတွေ လို့ စစ်အုပ်စုဘက်ကဆိုထားပါတယ်။

မြေပြင်သတင်းတွေအရတော့ မြစ်ငယ်မြို့နယ်ထဲက အမျိုးသမီးအများအပြားဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းခံရသူတွေထဲ မန္တလေးမြို့သစ်မှာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသူ ဆရာဝန်အမျိုးသားလည်း ပါတယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။

အဲဒီဆရာဝန်အမျိုးသားကိုဒူးထောက် လက်မြှောက်ခိုင်းထားတဲ့ ပုံကိုလည်း စစ်အုပ်စုဘက်က ထုတ်ပြန်ထားပါသေးတယ်။

ပန်းသပိတ်နေ့မှာ စစ်အုပ်စုဟာ ရန်ကုန်မှာလည်း ကင်းလှည့်ပြီး ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။