Connect with us

Hi, what are you looking for?

သတင်း

Pact Myanmar အသေးစားချေး​ငွေလုပ်ငန်းမြန်မာပြည်က ယခုလကုန်ထွက်ခွာမည်

Pact Myanmar ထွက်ခွာမှုကြောင့် ဝန်ထမ်း ၄၀၀၀ကျော်ကိုလည်း ထိုက်တန်သည့် လျှော်ကြေးပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

(Pact Myanmar ၏ ထုတ်ပြန်ချက်နှင့်ငွေ​ချေးလုပ်ငန်းအ​ကြောင်းရိုက်ကူးထား​သောဓါတ်ပုံ။ ။ဓါတ်ပုံ-Pact Myanmar)
(Pact Myanmar ၏ ထုတ်ပြန်ချက်နှင့်ငွေ​ချေးလုပ်ငန်းအ​ကြောင်းရိုက်ကူးထား​သောဓါတ်ပုံ။ ။ဓါတ်ပုံ-Pact Myanmar)

▪︎စစ်​ကောင်စီက ၎င်းထိန်းချုပ်မှု​အောက်ရှိစီးပွားရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခိုင်း၍ ထွက်ခွာခြင်းဖြစ်

▪︎အသင်းသားများ၏ချေး​ငွေများ အတိုး​ရော၊အရင်းပါပြန်မယူ​တော့ဟုအသိ​ပေး

မြန်မာနိုင်ငံတွင် အ​အောင်မြင်ဆုံးအသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ခဲ့​သော Pact Myanmar က ယခုဇွန်လကုန်တွင်မြန်မာနိုင်ငံက ထွက်ခွာတော့မည်ဖြစ်ပြီး ချေးငွေများကို အတိုးနှင့်အရင်းပါတောင်းခံတော့မည်မဟုတ်ကြောင်း Pact Myanmar ကထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထိန်းချုပ်မှုအောက်ရှိရမည့် စီးပွားရေးအဖွဲ့အစည်းအဖြစ်ဇွန် ၃၀ ရက်နောက်ဆုံး ပြန်လည်မှတ်ပုံမတင်နိုင်ခြင်းကြောင့် နှုတ်ထွက်ရခြင်းဖြစ်သည်ဟုအသိပေးထားသည်။ Pact Global Microfinance Fund (PGMF)အနေဖြင့် အခြားရွှေးချယ်ရန်နည်းလမ်းမရှိ‌တော့သဖြင့် မြန်မာနိုင်ငံအတွင်းမှ ငွေရေးကြေးရေးလုပ်ငန်းပိတ်သိမ်းရန် စတင်စီစဉ်ရခြင်းဖြစ်သည်ဟုရှင်းလင်းထားသည်။

“ဇွန်လ ၃၀ ရက်​နေ့အတွင်း စီးပွား​ရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိပါက PGMF သည် လက်ရှိလုပ်ငန်းကိုတရားမဝင် လုပ်​ဆောင်သကဲ့သို့ ဖြစ်မည် ဖြစ်ပြီး၊ ဝန်ထမ်းများအတွက် အန္တရာယ်ကြီးစွာကြုံ​တွေ့နိုင်ပါသည်”ဟု ရှင်းလင်းထားသည်။

အသင်းသားများ၏ချေးငွေများကို စုဆောင်းငွေလက်ကျန်များဖြင့် ခုနှိမ့်သွားမည်ဟုအသိ​ပေးထားသည်။အသင်းသားများ၏စုဆောင်းငွေပမာဏသည် ချေးငွေလက်ကျန်ထက် ပိုများ​နေပါက အသင်းသားများကို ဆက်သွယ်၍ စုဆောင်းငွေများ ပြန်လည်ထုတ်ပေးမည်ဟု​ဖော်ပြထားသည်။ စုဆောင်းငွေက ချေးငွေလက်ကျန်ထက်နည်းနေပါက ချေးငွေလက်ကျန်ကို ကောက်ခံခြင်းမပြုတော့ဘဲ လျှော်ပစ်မည်ဟုအသိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် ချေးငွေလက်ကျန်ပမာဏကို Pact Myanmar ကိုလည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်ကိုလည်း ပြန်လည်ပေးဆပ်ရန် တာဝန်မရှိတော့ပါဟုလည်းအတိအလင်း ထုတ်ပြန်ထားသည်။

“လူကြီးမင်းတို့ရဲ့ စီးပွဦးရေးလုပ်ငန်းများမှာ တိုးချဲ့ဖို့ရယူထားတဲ့ PGMFချေးငွေလက်ကျန်အားလုံးကို ယနေ့ကစပြီး အပြီးအပိုင်လျှော်ပေးကြောင်း ကြေငြာအပ်ပါတယ်။ လူကြီးမင်းတို့ ချေးငွေလက်ကျန်များကို ယခုအချိန်ကပြီး မည်သူတစ်ဦးတယောက်ကမှ လာရောက်တောင်းခံပါက ပေးရန် (လုံးဝ) မလိုအပ်ပါ”ဟု Pact Myanmarက ကြေညာထားသည်။

Pact Myanmar ထွက်ခွာမှုကြောင့် ဝန်ထမ်း ၄၀၀၀ကျော်ကိုလည်း ထိုက်တန်သည့် လျှော်ကြေးပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

Public Service Announcement
Public Service Announcement

“ကိုယ်အပါအဝင် အလုပ်ပြုတ်သွားကြတဲ့ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်အတွက်စိတ်မကောင်းဖြစ်မိပေမယ့်ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးအကောင်းဆုံးလုပ်သွားတဲ့Pact Global Microfinance Fund (Pact Myanmar)အတွက်အထူးလေးစားဂုဏ်ယူမိပါတယ်”ဟု ဝန်ထမ်းတစ်ဦးကလည်း ​​ရေးသားထားသည်။

Pact Global Microfinance Fund (PGMF)သည် Pact Myanmarအဖြစ်၁၉၉၇ခုနှစ်တွင် UNDPအစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့်ဝင်ရောက်လာခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် အသေးစားချေးငွေလုပ်ငန်းအဖြစ်ပြောင်းလဲ ကျေးလက်ဒေသကို အတိုးနည်းချေးငွေများ ထုတ်ချေးပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် ချေးငွေပေါင်းဒေါ်လာသန်း ၃၆၀ခန့်ရှိပြီး ကျေးလက်ဒေသရှိ လူတစ်သန်းခန့်ကို ချေးငွေများပေးထားသည်။ ထိုထဲမှ အမျိုးသမီးများကို ဒေါ်လာသန်း ၃၀၀ခန့်ချေးငွေများပေးထားခြင်းဖြစ်သည်။

Pact Myanmar ​အ​သေးစား​ငွေ​ချေးလုပ်ငန်းသည် ​​အောင်မြင်ပြီး ​ကျေးလက်​နေပြည်သူများအားထားခဲ့ကြရသည်။

“အိမ်မှာ​တောင် ​ငွေပြန်သွင်းရဖို့ ၂ သိန်းရှိ​သေးတယ် ။ တချို့ဆို များတယ် ။ဆယ် ​လေး ငါးသိန်း ယူထားတာ​တွေရှိတယ်။သတင်း​တွေ​​တော့ထွက်​နေတယ် တစိကယ်နားသွားပြီ​ပေါ့”ဟု Pact Myanmar မှ အ​သေးစား​ငွေ​ချေးထားသူတစ်ဦးက​ပြောသည်။

သို့​သော် စစ်​ကောင်စီ ဝါဒဖြန့် ​ဖေစ်ဘွခ်စာမျက်နှာနှင့် တယ်လီဂရန် ချန်နယ်များတွင် Pact Myanmar ထွက်ခွာသွားသည်မှာ NUG လက်​အောက်ခံ PDF များက Pact Myanmar ဝန်ထမ်းအချို့ကို ဖမ်းဆီး​သော​ကြောင့်ဖြစ်​ကြောင်း​ရေးသား​ပြောဆိုဝါဒဖြန့်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

Pact Myanmarအဖြစ်၁၉၉၇ခုနှစ်တွင် UNDP၏ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်စတင်ဖြင့်ဝင်ရောက်လာခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် အသေးစားချေးငွေလုပ်ငန်းအဖြစ်ပြောင်းလည်း၍ ကျေးလက်ဒေသကို အတိုးနည်းချေးငွေများ ထုတ်ချေးပေးနေခြင်းဖြစ်သည်။

News

"ရုံးအတွင်း ကင်းစောင့်ပေးနေသော ရဲခွေးတစ်ကောင်ကျ၍ အရာရှိတစ်ဦး ဒူးတွင်ဒဏ်ရာရရှိသည်ဟု မြေပြင်သတင်းရရှိပါသည်"ဟု တန့်ဆည်(ပကဖ)က ဆိုသည်။