Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းဘူးနယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသော ချေးငွေလုပ်ငန်းနှစ်ခု စစ်ဆေးတွေ့ရှိ၍ အရေးယူ

ချေးငွေလုပ်ငန်းနှစ်ခုမှ ဝန်ထမ်းများကို နောက်တစ်ကြိမ်မပြုလုပ်ရန် သတိပေးပြောကြားခဲ့ကာ သိမ်းဆည်းရမိသော စာရွက်စာတန်းမှတ်တမ်းများအား မီးရိူ့ ဖျက်ဆီးခဲ့ပြီးကျန်ရှိပစ္စည်းများကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းခဲ့သည်။

(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)
(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)

တော်လှန်ရေးကာလအတွင်း ရပ်တန့်ထားရန် သတိပေးထားသော်လည်း လိုက်နာမှုမရှိသည့် ချေးငွေလုပ်ငန်းနှစ်ခုအား စစ်ဆေးတွေ့ရှိပြီး Mytel ဆင်းကဒ်များ၊စာရွက်စာတမ်းများ အပါအဝင်ငွေများသိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း တပ်ခွဲ SPDFက ယနေ့ ထုတ်ပြန်သည်။

မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးနိုင်ရေးဆောင်ရွက်နေစဥ်အတွင်း လမ်းပိုင်းဆိုင်ရာစစ်ဆေးမှု များ အမြဲပြုလုပ်လျက်ရှိနေစဥ် ကျေးရွာများမှ ချေးငွေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Pact ပက်(စ်) မြန်မာချေးငွေလုပ်ငန်းနှင့် BG Microfinance ချေးငွေလုပ်ငန်း နှစ်ခုအား စစ်ဆေးမေးမြန်းနိုင်ခဲ့သည်ဟု ဆိုသည်။

(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)
(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – SPDF)

Pact မြန်မာချေးငွေလုပ်ငန်းအဖွဲ့ မှ စာရွက်စာတန်းများ Mytel ဆင်းကဒ်များ၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး ၊ငွေကျပ် ၅၀ခန့်နှင့် BG Microfinance ချေးငွေလုပ်ငန်းမှ စာရွက်စာတန်း များ ၊ Mytel ဆင်းကဒ်များ ၊ ကုမ္ပဏီပိုင် ဖုန်းနှစ်လုံး ငွေကျပ် လေးသိန်းကျော်အား သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

ချေးငွေလုပ်ငန်းနှစ်ခုမှ ဝန်ထမ်းများကို နောက်တစ်ကြိမ်မပြုလုပ်ရန် သတိပေးပြောကြားခဲ့ကာ သိမ်းဆည်းရမိသော စာရွက်စာတန်းမှတ်တမ်းများအား မီးရိူ့ ဖျက်ဆီးခဲ့ပြီးကျန်ရှိပစ္စည်းများကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းခဲ့သည်။

Public Service Announcement

Public Service Announcement

“အခုလိုကာလမှာ ချေးငွေတွေပြန်ယူတာ မလုပ်ဖို့အကြိမ်ကြိမ် သတိပေးထား ပြီးသားပါ။လိုက်နာမှုမရှိလို့ အရေးယူတာပါ”ဟု SPDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)
(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – SPDF)

စစ်ကောင်စီ၏ အဓိက ထောက်တိုင်များဖြစ်သော စစ်တပ်ထုတ်ကုန်များ၊ Mytel ဆင်းကဒ်များ နှင့် ချေးငွေ လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးချေးငွေလုပ်ငန်းများ ၊ မြစိမ်းရောင်ချေးငွေ လုပ်ငန်းများ စစ်ကောင်စီ နှင့်ပတ်သက်မှု ရှိနေသော ချေးငွေးလုပ်ငန်းမှန်သမျှအား တော်လှန်ရေးကာလအတွင်း ပြည်သူများ အခက်အခဲအကြပ်အတည်းမရှိစေရေးအတွက် လည်ပတ်မှုမရှိစေရန် ယမန်နှစ်ကတည်းက SPDFက သတိပေးတားမြစ်ခဲ့သည်။

Pact မြန်မာချေးငွေလုပ်ငန်းအဖွဲ့ သည် စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟုဆိုကာ ယမန်နှစ်က ရှမ်းပြည်နယ် ရွာငံရှိ ၎င်း၏ ရုံးခွဲတစ်ခု ဗုံးခွဲခံရဖူးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။