Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးနယ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသော ချေးငွေလုပ်ငန်းနှစ်ခု စစ်ဆေးတွေ့ရှိ၍ အရေးယူ

ချေးငွေလုပ်ငန်းနှစ်ခုမှ ဝန်ထမ်းများကို နောက်တစ်ကြိမ်မပြုလုပ်ရန် သတိပေးပြောကြားခဲ့ကာ သိမ်းဆည်းရမိသော စာရွက်စာတန်းမှတ်တမ်းများအား မီးရိူ့ ဖျက်ဆီးခဲ့ပြီးကျန်ရှိပစ္စည်းများကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းခဲ့သည်။

(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)
(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)

တော်လှန်ရေးကာလအတွင်း ရပ်တန့်ထားရန် သတိပေးထားသော်လည်း လိုက်နာမှုမရှိသည့် ချေးငွေလုပ်ငန်းနှစ်ခုအား စစ်ဆေးတွေ့ရှိပြီး Mytel ဆင်းကဒ်များ၊စာရွက်စာတမ်းများ အပါအဝင်ငွေများသိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း တပ်ခွဲ SPDFက ယနေ့ ထုတ်ပြန်သည်။

မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးနိုင်ရေးဆောင်ရွက်နေစဥ်အတွင်း လမ်းပိုင်းဆိုင်ရာစစ်ဆေးမှု များ အမြဲပြုလုပ်လျက်ရှိနေစဥ် ကျေးရွာများမှ ချေးငွေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Pact ပက်(စ်) မြန်မာချေးငွေလုပ်ငန်းနှင့် BG Microfinance ချေးငွေလုပ်ငန်း နှစ်ခုအား စစ်ဆေးမေးမြန်းနိုင်ခဲ့သည်ဟု ဆိုသည်။

(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)
(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – SPDF)

Pact မြန်မာချေးငွေလုပ်ငန်းအဖွဲ့ မှ စာရွက်စာတန်းများ Mytel ဆင်းကဒ်များ၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး ၊ငွေကျပ် ၅၀ခန့်နှင့် BG Microfinance ချေးငွေလုပ်ငန်းမှ စာရွက်စာတန်း များ ၊ Mytel ဆင်းကဒ်များ ၊ ကုမ္ပဏီပိုင် ဖုန်းနှစ်လုံး ငွေကျပ် လေးသိန်းကျော်အား သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။

ချေးငွေလုပ်ငန်းနှစ်ခုမှ ဝန်ထမ်းများကို နောက်တစ်ကြိမ်မပြုလုပ်ရန် သတိပေးပြောကြားခဲ့ကာ သိမ်းဆည်းရမိသော စာရွက်စာတန်းမှတ်တမ်းများအား မီးရိူ့ ဖျက်ဆီးခဲ့ပြီးကျန်ရှိပစ္စည်းများကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းခဲ့သည်။

Public Service Announcement

Public Service Announcement

“အခုလိုကာလမှာ ချေးငွေတွေပြန်ယူတာ မလုပ်ဖို့အကြိမ်ကြိမ် သတိပေးထား ပြီးသားပါ။လိုက်နာမှုမရှိလို့ အရေးယူတာပါ”ဟု SPDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - SPDF)
(သိမ်းဆည်းရမိသော စာရွက်စာတန်းများနှင့် ပစ္စည်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – SPDF)

စစ်ကောင်စီ၏ အဓိက ထောက်တိုင်များဖြစ်သော စစ်တပ်ထုတ်ကုန်များ၊ Mytel ဆင်းကဒ်များ နှင့် ချေးငွေ လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးချေးငွေလုပ်ငန်းများ ၊ မြစိမ်းရောင်ချေးငွေ လုပ်ငန်းများ စစ်ကောင်စီ နှင့်ပတ်သက်မှု ရှိနေသော ချေးငွေးလုပ်ငန်းမှန်သမျှအား တော်လှန်ရေးကာလအတွင်း ပြည်သူများ အခက်အခဲအကြပ်အတည်းမရှိစေရေးအတွက် လည်ပတ်မှုမရှိစေရန် ယမန်နှစ်ကတည်းက SPDFက သတိပေးတားမြစ်ခဲ့သည်။

Pact မြန်မာချေးငွေလုပ်ငန်းအဖွဲ့ သည် စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟုဆိုကာ ယမန်နှစ်က ရှမ်းပြည်နယ် ရွာငံရှိ ၎င်း၏ ရုံးခွဲတစ်ခု ဗုံးခွဲခံရဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိပြီး ၊စစ်ကားတစ်စီးကိုဖျက်ဆီး

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။