Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း စစ်ကောင်စီ ဖြတ်တောက်

ယခုကဲ့သို့ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းမှာ ဒေသတွင်း သတင်းများ မပြန့်စေရန်၊ စစ်ကောင်စီတပ်ရင်းလိုက်လက်နက်ချသည်ဆိုသည့် သတင်း မသိစေရေး အတွက်လည်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

လွိုင်ကော်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း စစ်ကောင်စီ ဖြတ်တောက်
လွိုင်ကော်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း စစ်ကောင်စီ ဖြတ်တောက်

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ထားကြောင်း ကရင်နီဒေသခံ အချို့က ပြောသည်။

လွိုင်ကော်တွင် ယနေ့ (ဇွန်လ ၂၇ရက်)နံနက်ပိုင်းမှစ၍ တယ်လီနော(ATOM)၊ အော်ရီဒူး ဖုန်းများကို အင်တာနက်လိုင်း၊ ဖုန်းလိုင်းများဖြတ်တောက် ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သို့သော် MPT မှာ ဖုန်းလိုင်း အသုံးပြု၍ ရသေးပြီး Mytel တစ်ခုသာ အင်တာနက်ရသေးသည်ဟုဆိုသည်။

မြို့သိမ်းတိုက်ပွဲကဲ့သို့ စစ်ဆင်ရေးများရှိနေသည့် ကရင်နီတပ်ပေါင်စု၏ သတင်းစီးဆင်းမှုများ နှေးကွေးစေရန်စစ်ကောင်စီက လုပ်ဆောင်ခြင်းဟု ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ ဘာသတင်းတွေကြားထားလို့လဲတော့မသိဘူးဗျ။ ကြောက်အားလန့်အားတွေနဲ့ ဂယောင်ချောက်ချားဖြစ်နေတာလို့ပဲမြင်မိတယ်။အခု မြို့ထဲမှာတာ ဖုန်းကနေ တိုင်တစ်တိုင်ပဲ တက်တော့တယ်”ဟု လွိုင်ကော်မြို့ခံတစ်ဦးက လူထု​နွေဦးသို့ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့ စစ်ကောင်စီ၏ ဆက်သွယ်ရေးလိုင်းများ ပိတ်ပစ်ခြင်းသည် အာဏာသိမ်းပြီး နှစ်လအတွင်းနောက်ပိုင်း ပထမဆုံးကြုံတွေ့ရခြင်းဟုလည်း ၎င်းက ရှင်းပြသည်။

“Mytel တစ်ခုပဲ ဆက်သွယ်တာရော အင်တာနက်ရော သုံးလို့ရတယ်။ကျန်တဲ့ ဖုန်းလိုင်းတွေအကုန်သုံးစား မရဘူး”ဟု ဒီးမော့ဆိုအခြေစိုက် စစ် ရှောင်ကူညီပေးနေသူတစ်ဦးက ရှင်းပြသည်။

ယင်းနှင့်ပတ်သက်၍ ကရင်နီဒေသခံတစ်ဦးက လွိုင်ကော်၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ် တောက်ခံထားရေကြောင်း ပြောကြားပြီး ယင်းသို့လုပ်ဆောင်ခြင်းအပေါ် ပြည်သူများ စိုးရိမ်နေကြရသည်ဟုဆိုသည်။

မယ်စဲ့ဒေသရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် လွိုင်ကော်သို့ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းလျက်ရှိသည်ဟု ကရင်နီစစ်ဘက်တာဝန်ရှိသူ အချို့က ပြောကြားထားသည်။

ထို့အပြင် စစ်ကောင်စီတပ်မိသားစုများကိုလည်း လွိုင်ကော်မှ ရွှေ့ပြောင်းထားကြောင်း ဇွန်လ ၂၈ရက်တွင် တစ်ခုခုထူးခြားမည်ဟု သတင်းလွှင့်ထားရာ ယနေ့(ဇွန်လ ၂၇ရက်)တွင် အင်တာနက်၊ဖုန်းလိုင်းများဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

“အဲဒီ ၂၈ရက်နေ့ ထူးမထူးတော့ မသိဘူး။ ဒါပေမဲ့တော့ လိုင်းတွေ လုံး၀ပျောက်သွားပြီ။ ကျနော်ထင်တယ်လေ သူတို့ ကရင်နီမှာ အရှုံးကြီးရှုံးတယ်ပေါ့။ နောက်ပြီးတပ်ရင်း တစ်ရင်းလည်း လက်နက်ချသွားတယ်ကြားတယ်။ ကျနော်ထင်တာကတော့ နဂိုရ်က စစ်အုပ်ချုပ်ရေးနယ်မြေ လေးခုရှိတာ နောက်ထပ် တိုးချဲ့ပြီး တစ်ပြည်နယ်လုံးကို စစ်အုပ်ချုပ်ရေးလုပ်မယ်လို့ထင်တာပဲ” ဟု ကရင်နီဒေသခံက ပြောသည်။

ယခုကဲ့သို့ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းမှာ ဒေသတွင်း သတင်းများ မပြန့်စေရန်၊ စစ်ကောင်စီတပ်ရင်းလိုက်လက်နက်ချသည်ဆိုသည့် သတင်း မသိစေရေး အတွက်လည်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။