Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်၌ ယခုလအတွင်း တိုက်ပွဲ ၇၀ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၄၅ဦးသေဟု KNU တပ်မဟာ(၅) ထုတ်ပြန်

တိုက်ပွဲပေါင်း(၇၁)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ၄၅ဦး သေဆုံးပြီး ၁၃ဦးဒဏ်ရာရရှိသွားသည့်အပြင် စစ်ကောင်စီ၏ မြင်းလား(၅)ကောင်နှင့် စစ်သုံးမော်တော်ကားတစ်စီးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။

(KNU တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU တပ်သားများအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်တွင် ယခုဇွန်လအတွင်း တိုက်ပွဲ ၇၁ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် ၄၅ဦး သေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅)က ယမန်နေ့ညက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများနှင့် နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်ပွားလျက်ရာတွင် ဇွန်လ ၁ရက်မှ၁၅ ရက်အထိတိုက်ပွဲ အခြေအနေကို ထပ်မံထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

တိုက်ပွဲပေါင်း(၇၁)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ၄၅ဦး သေဆုံးပြီး ၁၃ဦးဒဏ်ရာရရှိသွားသည့်အပြင် စစ်ကောင်စီ၏ မြင်းလား(၅)ကောင်နှင့် စစ်သုံးမော်တော်ကားတစ်စီးအား တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း တပ်မဟာ (၅)စစ်သည်တော်(၄)ဦးကျဆုံးကာ ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၄ ရက်က ဖာပွန်ခရိုင်၌ နှစ်ပတ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုကို ကနဦး ထုတ်ပြန်ခဲ့ရာ တိုက်ပွဲ ၃၁ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးခဲ့ဟုဖော်ပြခဲ့ရာ ထိုစဥ်က ဖော်ခြင်းမရှိသေးသည့် တိုက်ပွဲအခြေအနေများကို ယခု ထပ်မံ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများနှင့်လားလားမျှသက်ဆိုင်မှုမရှိသည့်ကျေးရွာ၊ လူနေအိမ်အဆောက်အဦး၊ ဥယဉ်ခြံမြေများအတွင်းသို့ လက်နက် ကြီးများဖြင့် တမင်ရည်ရွယ်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။

သတင်း

တရုတ်နိုင်ငံ၏ စိုးရိမ်ချက်အရ ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ၁၈ရက် ည ၁၂နာရီအထိ အပစ်ရပ်ထားမည်ဟု ကိုးကန့်တပ် MNDAA က ယမန်နေ့က ထုတ်ပြန်သည်။

သတင်း

တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် အခြားသော KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုး တပ်ဖွဲ့နှင့်သာ ပြဿနာဖြစ် နေသည်ဟု ပဒိုစောအယ်နားက ပြောသည်။

သတင်း

ကျောက်မဲမြို့တွင် ဇူလိုင် ၁၄ ရက်ညနေပိုင်းက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုတွင် အရပ်သားနှစ်ဦးထပ်မံဒဏ်ရရှိခဲ့ကြောင်း သတင်းရရှိသည်။