Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် ပြည်သူ၏ အလှူငွေဖြင့် တူးဖော်ထားဟု NUG အသိပေး

ယမန်နေ့ (ဇူလိုင် ၁ရက်) ညတွင် သတင်းထုတ်ပြန်ခြင်းခြင်းပြီး ” အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်” ဟု MOHADMက ဖော်ပြထားသည်။

လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် ပြည်သူ၏ အလှူငွေဖြင့် တူးဖော်ထားဟု NUG အသိပေး
လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် ပြည်သူ၏ အလှူငွေဖြင့် တူးဖော်ထားဟု NUG အသိပေး

လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော်ကို ပြည်သူလူထု၏ အလှူငွေဖြင့်တူးဖော်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၁ရက်) ညတွင် သတင်းထုတ်ပြန်ခြင်းခြင်းပြီး ” အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်” ဟု MOHADMက ဖော်ပြထားသည်။

” စစ်ကောင်စီဟာ ကျရှုံးဘက်ကို ရောက်တာတော့ ပြည်သူတွေ၊ အရပ်သားတွေကို ရက်ရက်စက်စက်ကို အကြမ်းဖက်တိုက်ခိုက်နေတယ်။ ဒါကို နည်းမျိုးစုံနဲ့ ကာကွယ်ရာမှာ နိုင်ငံအနှံ့က ပြည်သူလူထုရဲ့အကူအညီတွေလည်းရရှိခဲ့ပါတယ်”ဟု NUG အစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ကျောင်းများတည်ရှိရာဒေသများတွင်လည်း လေကြောင်းရန်နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် “CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဥ်ဖြင့် ရန်ပုံငွေရှာဖွေပြီး ဗုံးခိုကျင်းများစတင်တူးဖော်ပေးခဲ့ခြင်းဟု သိရသည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အဆမတန်အသုံးပုတိုက်ခိုက်လာရာ မြေပြင်စာသင်ကျောင်းများသာမက စစ်ဘေးရှောင်များအတွက် ယာယီပုန်းခိုစရာနေရာများ၊ ဗုံးခိုကျင်း‌များနှင့် ကတုတ်ကျင်းများအား တူးဖော်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း၁,၁၇၅ ကျင်းတူးဖော်ခဲ့ပြီးဖြစ်ကြောင်း MOHADMက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

သစ်၊ဝါး၊ သဲအိတ်များဖြင့် တူးဖော်တည်ဆောက်သည့် ဗုံးခိုကျင်းတစ်ကျင်းလျှင် ကျပ်သုံးသိန်းခန့်ကုန်ကျပြီး ရပ်ရွာလူထုအားဖြင့် တူးဖော်ခြင်းဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook