Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး ၇၀ရာခိုင်နှုန်းပြီးစီးပြီဟုအိန္ဒိယဆို

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၁၄၀၀ (မိုင် ၈၇၀ခန့်) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီးဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံကဆိုသည်။

(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)
(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)

မြန်မာနိုင်ငံကိုဖြတ်၍ အိန္ဒိယနှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမည့် သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အိန္ဒိယနိုင်ငံဝန်ကြီး Nitin Gadkari က ပြောကြောင်းအိန္ဒိယသတင်းဌာနများတွင်ဖော်ပြသည်။

အဆိုပါ အဝေးပြေးလမ်းမကြီးသည် နောက်ထပ် သုံးနှစ်မှ လေးနှစ်အတွင်း ခရီးသွားများအတွက် ဖွင့်လှစ်နိုင်မည်ဟု အိန္ဒိယအစိုးရကဇူလိုင် ၃ ရက်တွင်​​ပြောကြားသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးသည် ကီလိုမီတာ ၁၄၀၀ (မိုင် ၈၇၀ခန့်) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမကြီးဖြစ်ပြီး ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်ဖြစ်သည်ဟု အိန္ဒိယနိုင်ငံကဆိုသည်။

(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)
(အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအ​ဝေး​ပြေးလမ်း​မြေပုံနှင့်မြန်မာ-အန္ဒိယနယ်စပ် ကို​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ)

ထိုစီမံကိန်းကို ဝန်ကြီးချုပ်ဟောင်း Atal Behari Vajpayee က စတင်အဆိုပြုခဲ့ပြီး ၂၀၀၂ ခုနှစ် ဧပြီလတွင် အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကြားဝန်ကြီးအဆင့် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုလမ်းပိုင်းကို ၂၀၁၉ခုနှစ်တွင်အပြီးသတ်ရန် ရည်မှန်းထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့သည်။ သို့​သော်မကြာခင် ပြီးစီးတော့မည်ဖြစ်​ကြောင်း အ​​ဝေး​ပြေးလမ်းနှင့် သယ်ယူပို့​ဆောင်​ရေးပြည်ထောင်စုဝန်ကြီးက ယခုအခါထပ်မံပြောကြားခဲ့ခြင်းဖြစ်သည်။

“ စီမံကိန်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ပြီးသွားပါပြီ။” ဟု Nitin Gadkariကဆိုသည်။

သို့သော် အဝေးပြေးလမ်းမကြီးကို မည်သည့်အချိန်တွင် အဆင်သင့်ဖြစ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့မှ တမူးမြို့မှထိုမှတဆင့် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်သန်းကာ မြန်မာ-ထိုင်းနိုင်စပ်မဲ​ဆောက်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုလမ်းပိုင်း အဓိကဖြတ်သန်းသွားမည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ကြားတိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။