Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာ မြင်သာစျေးအနီး ပေါက်ကွဲမှုဖြစ်

ယနေ့ ည ၈ နာရီခွဲနှင့် ၉ နာရီကျော်တို့တွင် မြင်သာစျေးအနီး ပေါက်ကွဲသံ နှစ်ကြိမ်ကြားရကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

(ရန်ကုန်မြို့တွင် စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်းအသုံးပြုထားသည်)။ ဓာတ်ပုံ - CJ)
(ရန်ကုန်မြို့တွင် စစ်ကောင်စီဝင်များက စစ်ဆေးမှုများ ပြုလုပ်နေစဥ် (ပုံအဟောင်းအသုံးပြုထားသည်)။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာစျေးအနီး ယနေ့ (ဇူလိုင် ၄) ညပိုင်းတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့​ကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

ယနေ့ ည ၈ နာရီခွဲနှင့် ၉ နာရီကျော်တို့တွင် မြင်သာစျေးအနီး ပေါက်ကွဲသံ နှစ်ကြိမ်ကြားရကြောင်း တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” ၈ခွဲကျော်တုန်းက ဗုံးပေါက်သံအကျယ်ကြီး ကြားလိုက်ရတယ်။ မြင်သာစျေးဘက်က ပြောကြတယ်။ နေရာအတိအကျတော့ မသိဘူး။ ၉ နာရီကျော်တော့ နောက်တစ်ကြိမ် ပေါက်သံထပ်ကြားရတယ်။ အချိန်ကလဲ ၉နာရီကျော်နေတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ ရဲကားတွေ မြင်သာစျေးဘက်ကို သွားတာတော့ တွေ့လိုက်တယ် “ဟု ၎င်းက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် သစ္စာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်အနီးရှိ ရဲစခန်းရှေ့တွင် စစ်ကားအများအပြား ရောက်ရှိနေပြီး လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” သုမင်္ဂလာလမ်းထောင့်က ရဲစခန်းနားမှာ စစ်သားတွေ လမ်းပိတ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ လမ်းတစ်ခြမ်းကို ပိတ်ပြီး စစ်နေတာပါ။ ကျွန်တော့်ကားက တစ်ဖက်လမ်းက ဆိုတော့ အစစ်တော့ မခံခဲ့ရဘူး။ ကားတွေကို နောက်ဖုံးဖွင့်စစ်နေတာပါ “ဟု ၎င်းက ဆိုသည်။

ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ဗဟန်း၊ လှိုင်သာယာစသည့် မြို့နယ်အချို့တွင်လည်း ပေါက်ကွဲသံများ ကြားရကြောင်း ​ရပ်ကွက်နေပြည်အချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။