Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမြို့နယ် ရထားလမ်းပေါ်တွင် စွန့်ပစ် ထားသော ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့

သေဆုံးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ရထားသံလမ်းဘေး၌ ယမန်နေ့ညနေပိုင်းက သွားရောက်တင်ဆောင်ရခြင်းဟု ဆိုသည်။

(ရုပ်အလောင်းအား လူမှုကူညီမှုအသင်းက လာရောက်သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - မျှဝေခံစားတွဲလက်များ)
(ရုပ်အလောင်းအား လူမှုကူညီမှုအသင်းက လာရောက်သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - မျှဝေခံစားတွဲလက်များ)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် (၈)ရပ်ကွက် ရထားသံလမ်းမပေါ်တွင် စွန့်ပစ်ထားသော ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းက ပြောသည်။

သေဆုံးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ရထားသံလမ်းဘေး၌ ယမန်နေ့ညနေပိုင်းက သွားရောက်တင်ဆောင်ရခြင်းဟု ဆိုသည်။

“ရပ်ကွက်က အကြောင်းကြားလို့ Body သွားတင်ရတာ။ဘယ်လိုသေတာလဲတော့ အတိအကျ မသိရသေး ဘူး။စံပြဆေးရုံကို ပို့ထားတယ်”ဟု မျှဝေခံစားတွဲလက်များ ပရဟိတအသင်းဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မကြာသေးမီရက်ပိုင်းကလည်း ဗိုလ်တစ်ထောင်မြို့ နယ်တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ရသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းမှုပြီးနောက် ရန်ကုန်မြို့တွင် ခိုးဆိုးလုယက်မှုများ အဆမတန်များပြားလာနေခြင်း အပါအဝင် အာဟာရပြတ်သေဆုံးနေသော အိမ်ခြေရာမဲ့များအပါအဝင် ပိုင်ရှင်မဲ့ရုပ်အလောင်းများ ပိုမိုတွေ့ရှိလာရသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် မီးရထားလမ်းများ ပျက်စီးခဲ့၍ ရန်ကုန်-မန္တလေးခရီးစဉ်ကို ယာယီရပ်နားထားကြောင်း မီးရထားဝန်ထမ်းတစ်ဦးကပြောသည်။

သတင်း

တောင်ဥက္ကလာပမြို့နယ်အတွင်း၌ ပေါက်ကွဲသံ အကျယ်ကြီး နှစ်ကြိမ်ကြားရကြောင်း ဒေသခံတစ်ဦးက သတင်းပေးပို့သည်ဟု Hlaing Info က သတင်းဖော်ပြထားသည်။

သတင်း

တနင်္လာနေ့ ညနေပိုင်းက ကျောက်မဲမြို့ တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းတိုက်ခိုက်ခံရတာပါ။

သတင်း

ရန်ကုန်မြို့တွင် တော်လှန်ရေးသတင်းများ တင်ဆက်နေသည့် Rangoon Scout Network ​​ဖေစ်ဘွခ်စုမျက်နှာကလည်း ယနေ့ညပိုင်း၌ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့်လှိုင်သာယာမြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲသံများ ကြားရကြောင်း ဖော်ပြထားသည်။