Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမြို့နယ် ရထားလမ်းပေါ်တွင် စွန့်ပစ် ထားသော ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့

သေဆုံးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ရထားသံလမ်းဘေး၌ ယမန်နေ့ညနေပိုင်းက သွားရောက်တင်ဆောင်ရခြင်းဟု ဆိုသည်။

(ရုပ်အလောင်းအား လူမှုကူညီမှုအသင်းက လာရောက်သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - မျှဝေခံစားတွဲလက်များ)
(ရုပ်အလောင်းအား လူမှုကူညီမှုအသင်းက လာရောက်သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - မျှဝေခံစားတွဲလက်များ)

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် (၈)ရပ်ကွက် ရထားသံလမ်းမပေါ်တွင် စွန့်ပစ်ထားသော ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းက ပြောသည်။

သေဆုံးနေသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားကို ရထားသံလမ်းဘေး၌ ယမန်နေ့ညနေပိုင်းက သွားရောက်တင်ဆောင်ရခြင်းဟု ဆိုသည်။

“ရပ်ကွက်က အကြောင်းကြားလို့ Body သွားတင်ရတာ။ဘယ်လိုသေတာလဲတော့ အတိအကျ မသိရသေး ဘူး။စံပြဆေးရုံကို ပို့ထားတယ်”ဟု မျှဝေခံစားတွဲလက်များ ပရဟိတအသင်းဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မကြာသေးမီရက်ပိုင်းကလည်း ဗိုလ်တစ်ထောင်မြို့ နယ်တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ရသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းမှုပြီးနောက် ရန်ကုန်မြို့တွင် ခိုးဆိုးလုယက်မှုများ အဆမတန်များပြားလာနေခြင်း အပါအဝင် အာဟာရပြတ်သေဆုံးနေသော အိမ်ခြေရာမဲ့များအပါအဝင် ပိုင်ရှင်မဲ့ရုပ်အလောင်းများ ပိုမိုတွေ့ရှိလာရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။