Connect with us

Hi, what are you looking for?

သတင်း

သံလွင်မြစ်​ဘေးအပစ်ခံရပြီး စစ်​ကောင်စီ ​လေယာဥ်​ပျက်ကျသွား​သည်ဆိုသော နေရာပုံကို ကလလတထုတ်ပြန်

စစ်​ရေးရင်းမြစ်အချို့က ပျက်ကျ​သော​လေယာဥ်မှာ တရုတ်နိုင်ငံထုတ်K-8အမျိုးအစား အ​ပေါ့စားတိုက်ခိုက်​ရေးလေယာဉ်ဖြစ်သည်ဟု​ပြောသည်။

(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)
(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲအတွင်းဇွန် ၃၀ ရက်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်ကရင်နီပူး​ပေါင်းတပ်က တာဆန်းလဲရွာအနီး၌ စစ်ကောင်စီတပ်၏ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုပစ်ချခဲ့ရာ ​လေယာဥ်ပျက်ကျခဲ့သည်ဆို​​​​သော​နေရာဓါတ်ပုံကို ကလလတ က ယနေ့ညဦးပိုင်းတွင်ထုတ်ပြန်သည်။

ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)က” သံလွင်နားပစ်ထိပြီးပျက်ကျသွားသည့်ဂျက်ဖိုင်တာနေရာ” ဟု​ရေးသား၍ ဒရုန်းဖြင့်ရိုက်ကူးထားသည်ဟုယူဆရ​သော အ​ပေါ်စီးမှရိုက်ထားသည့် သတင်းဓါတ်ပုံ သုံးပုံထုတ်ပြန်ထားရာ ​လေယာဥ်ကိုမ​တွေ့ရ​သော်လည်း သစ်ပင်ခပ်ကျဲကျဲ​ပေါက်​သောသစ်​တောအတွင်းကြီးမား​သော​ပေါက်ကွဲပျက်စီးမှု​ကြောင့် ဖြစ်​ပေါ်​နေ​သောအလျှိုရာကြီးကို​​တွေ့ရသည်။ထို​နေရာ အနီးရှိ သစ်ပင် ၄၊၅ ပင်ခန့်မီးစွဲ လောင်ထားသကဲ့သို့ ပျက်စီး​နေသည်ကိုလည်း​တွေ့ရသည်။​လေယာဥ်ပျက်ကျသည်ဟု​ပြောပြီး ၆ ရက်အကြာတွင် ကလလတ က ခုဓါတ်ပုံများကိုထုတ်ပြန်ခြင်းဖြစ်သည်။

(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)
(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)

အဆိုပါဓါတ်ပုံနှင့် ပတ်သက်၍ ကလလတ သို့မှတ်ချက်​မေးမြန်းရန် People’s Spring ကဆက်သွယ်ရန်ကြိုးစား​နေ​သော်လည်း ဆက်သွယ်မရ​သေးပါ။

အဆိုပါ​လေယာဥ်ကို ကလလတ ၏တပ်ဖွဲ့ဝင်များက ဇွန် ၃၀ ရက်​နေ့​နေ့ခင်းပိုင်းတိုက်ပွဲအပြင်းအထန်ဖြစ်​နေချိန် အ​နိမ့်ပျံသန်း​နေစဥ် ရှိ​​သောလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ကလလတ က မီဒီယာများသို့ဖြေကြားထားသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)
(စစ်​ကောင်စီ ဂျက်​လေယာဥ်ပျက်ကျခဲ့သည်ဆို​သော​နေရာ။ ဓါတ်ပုံ-ကလလတ)

အဆိုပါ​လေယာဥ်ပျက်ကျသွား​သော​နေရာသည် နယ်ခြား​စောင့်တပ်စခန်း ၁၀၀၅ ​အောက်နား သံလွင်မြစ်​ဘေးတွင်ဖြစ်ပြီး ​လေယာဥ် ပျက်ကျပြီး​နောက် စစ်​ကောင်စီတပ် ကတိုက်​လေယာဥ်နှင့် ရဟတ်ယာဥ်များတစ်​နေကုန် ပျံဝဲ တိုက်ခိုက်​နေ၍ ​တော်လှန်​ရေးအင်အားစုများ ​လေယာဥ်ပျက်ပုံ ချက်ချင်းသွားယူရန် မဖြစ်နိုင်ခဲ့​ကြောင်း ကရင်နီ​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

စစ်​ရေးရင်းမြစ်အချို့က ပျက်ကျ​သော​လေယာဥ်မှာ တရုတ်နိုင်ငံထုတ်K-8အမျိုးအစား အ​ပေါ့စားတိုက်ခိုက်​ရေးလေယာဉ်ဖြစ်သည်ဟု​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

Facebook