Connect with us

Hi, what are you looking for?

သတင်း

သန်လျင်တွင် ဗုံးပေါက်ရာနေရာ ရှာဖွေသည့်စစ်ကောင်စီတပ်သားများ ပေါက်ကွဲမှုထပ်ဖြစ်၍ သုံးဦးဒဏ်ရာရဟုဆို

သန်လျင်မြို့နယ်၌ ပြုလုပ်ခဲ့သည့်နေရာသည် စစ်ကောင်စီများက ပြည်သူများ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

(စစ်တပ်အာဏာသိမ်းပြီးစ ညအချိန် ကင်းလှည့်နေသည့် ရဲများအား တွေ့ရစဥ်။ ပုံအဟောင်းဖြစ်ပါသည်။)
(စစ်တပ်အာဏာသိမ်းပြီးစ ညအချိန် ကင်းလှည့်နေသည့် ရဲများအား တွေ့ရစဥ်။ ပုံအဟောင်းဖြစ်ပါသည်။)

ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ‌ဗုံးပေါက်သည့်နေရာကို ရှာဖွေရေးပြုလုပ်ရာ ပေါက်ကွဲမှုထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဇွန် ၅ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှာဖွေရေးလုပ်ဆောင်ခဲ့ရာမှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနာတင်ကားများသွားရောက်ခဲ့ကြောင်း ဒေသတွင်းသတင်းများကိုဖော်ပြပေးနေသည့် သန်လျင်မီဒီယာက သတင်းဖော်ပြထားသည်။

“နေလည့်က သုံးယောက်ထိတယ်လို့ သိရပါတယ်။” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ခရိုင် လေးခုရှိ စစ်ရေးပစ်မှတ် ခြောက်နေရာကို ဇွန်လ ၄ ရက်ညက မဟာမိတ်အင်အားစုများက ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

သန်လျင်မြို့နယ်၌ ပြုလုပ်ခဲ့သည့်နေရာသည် စစ်ကောင်စီများက ပြည်သူများ၏ဆိုင်ကယ်များကို အတင်းအကျပ် စစ်ဆေးသည့်နေရာဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ဇွန်လ ၄ ရက် ညကပြုလုပ်ခဲ့သည့်စစ်ဆင်ရေးများကို Anonymous Fighters Force -AFF မှ ဦးဆောင်၍ Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force ၊Emerald Girls Army – EGA ၊Rangoon Urban Force တို့က ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သန်လျင် နှင့်လှိုင်သာယာမြို့နယ် တိုက်ခိုက်မှုများတွင် ဒဏ်ရာရရှိသူ သုံးဦးထက်မနည်းရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။