Connect with us

Hi, what are you looking for?

သတင်း

တရုတ်ကိုယ်စားလှယ်အဖွဲ့ ယာဉ်တန်းပစ်ခတ်မှု စစ်ကောင်စီလက်အောက်ခံရွှေမင်းပြည်သူ့စစ်အဖွဲ့ဟု ကချင်သတင်းရင်းမြစ်ပြော

ရွှေေမင်းလီဆူ ပြည်သူ့စစ်များသည် အဆိုပါ ဂိတ်မှနေ၍ ခရီးသည်များကို ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း၊အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ မူးယစ်စားသောက် ပြီး သတိလက်လွတ်သေနတ်ရမ်းကားပစ်ခတ်မှုများရှိသည်ကိုဒေသခံပြည်သူများ အသိပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။

(တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ခု မြစ်ကြီးနားမြို့သို့ လာရောက်စဉ်။ ဓာတ်ပုံ - CJ)
(တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ခု မြစ်ကြီးနားမြို့သို့ လာရောက်စဉ်။ ဓာတ်ပုံ - CJ)

“သံတမန်အဖြစ်လာခဲ့တယ်ဆိုတော့ ဂိတ်မှာမရပ်ဘူးလေ။မရပ်တော့ ခြောက်လှန့်လိုက်တဲ့သဘော ပစ်လိုက်တာ”

တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ခု မြစ်ကြီးနားသို့ လာရောက်စဉ် ပစ်ခတ်ခဲ့သည့်အဖွဲ့မှာ စစ်ကောင်စီ လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်အဖွဲ့မှ ဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နယ်ခြားဒေသ ပုံမှန်ဆွေးနွေးပွဲတစ်ခုအတွက် မြစ်ကြီးနားမြို့သို့ လာရောက်သည့် တရုတ်တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကို ဇွန်လ ၂၇ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ခတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က စွပ်စွဲမှု အပေါ် ကချင်သတင်းရင်းမြစ်က ရှင်းပြခြင်းဖြစ်သည်။

“တရုတ်ယာဉ်တန်းလာခဲ့တာ။အဲ့မှာ ရွှေမင်းလီဆူပြည်သူ့စစ်တွေနဲ့ စကစတွေ တပ်ဖြန့်ပြီးနေကြတယ်။ KIA အဲနား လာကပ်လို့မရအောင် သူတို့ လုံခြုံရေးယူထားတဲ့ နေရာ။ အရက်မူးပြီး ရမ်းပစ်လိုက်တာ။ သံတမန်အဖြစ်လာခဲ့တယ်ဆိုတော့ ဂိတ် မှာ မရပ်ဘူးလေ။မရပ်တော့ ခြောက်လှန့်လိုက်တဲ့သဘောပစ်လိုက်တာ”ဟု ကချင်ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်ခံရသည့်နေရာ၌ ရွာမရှိဘဲစစ်ကောင်စီနှင့် ရွှေမင်းပြည်သူ့စစ်တပ်၏ ဂိတ်သာရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အဲဒီဖက် သတင်းသမားတွေ လာလို့မရဘူး။ ဖုန်း ကအစ အစစ်ဆေးကြမ်းတာ။သတင်းဖုံးချင်လို့” ဟု ကချင်ဒေသခံက ပြောသည်။

ရွှေေမင်းလီဆူ ပြည်သူ့စစ်များသည် အဆိုပါ ဂိတ်မှနေ၍ ခရီးသည်များကို ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း၊အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ မူးယစ်စားသောက် ပြီး သတိလက်လွတ်သေနတ်ရမ်းကားပစ်ခတ်မှုများရှိသည်ကိုဒေသခံပြည်သူများ အသိပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆဒုံး- ကန်ပိုက်တီလမ်းတွင် KIAနှင့် စစ်ကောင်စီတပ်တို့ ဇွန်လ ၂၆ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးပြီးခဲ့သည့် ရက်ပိုင်းကKIA တပ်စခန်းငယ်တစ်ခုလက်လွှတ်ဆုံးရှုံးခဲ့ရသည်ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook