Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် ​ဈေးသည် ၇ ဦးကိုသတ်ခဲ့​​သောစစ်​​ကောင်စီစစ်ကြောင်း အရာ​တော်မြို့နယ် ၊မင်းရွာသို့​ရောက်လာပြီးရွာကိုမီးရှို့

စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကို လူသားတံတိုင်းလုပ်ကာ ရွာများကို စစ်ကြောင်းထိုး‌‌နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(စစ်​ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်သတ်သွား​သောသမ္မရိုးရွာမှ ​ဈေးသည် ၇ ဦး ၏ နာ​ရေးကို​​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်သတ်သွား​သောသမ္မရိုးရွာမှ ​ဈေးသည် ၇ ဦး ၏ နာ​ရေးကို​​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ကဈေးသည် ခုနှစ်ဦးအား သတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် အရာတော်မြို့နယ် မင်းရွာကို ရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပိစစ်ကြောင်းသည်ဇူလိုင် ၆ ရက်နံနက် ၄ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ သမ္မရိုးရွာတွင် ဈေးသည် ခုနစ်ဦးကိုပစ်ခတိ သတ်ဖြတ်သွားခဲ့သည်။ ထိုစစ်ကြောင်းသည် ယနေ့ (ဇူလိုင် ၇ ရက်)တွင်အရာတော်မြို့နယ် မင်းရွာကို ရောက်ရှိလာခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

“ဝက်လက်နဲ့အရာ‌​တော်က တစ်ဆက်ထဲ။ မနေ့က သမ္မရိုးမှာ‌ ဈေးသည်တွေကို သတ်သွားတဲ့ စစ်ကြောင်းက မင်းရွာကို မီးရှို့သွားတယ်” ဟု ဝက်လက်မြို့မှ ပြည်သူ့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကို လူသားတံတိုင်းလုပ်ကာ ရွာများကို စစ်ကြောင်းထိုး‌‌နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၆ ရက်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ သမ္မရိုးရွာမှ ဦးသိန်းလှိုင်(အသက်၆၂နှစ်)၊ ဦးဖိုးလွင်(၅၅နှစ်)၊ကိုလွင်မိုး(၂၇နှစ်)၊ ဒေါ်နှင်းလှိုင်(၅၇နှစ်)၊ဒေါ်ပွေလီ(၄၆နှစ်)၊မအေးနုဝင်း(၄၀နှစ်)နှင့် ကူးတို့ကိုင်းရွာမှမဖြူဖြူစန်း(၃၀နှစ်) တို့ ဖြစ်သည်။

ထို့အပြင် ဦးတင်ဝင်း၊ဦးမြင့်သောင်း ၊ဒေါ်ခင်မာကြူ၊မခင်မျိုးသူ(ကိုယ်ဝန်ဆောင်)၊ဒေါ်နှင်းရီ ၊ဒေါ်ယုတို့ ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိသည်။သေဆုံးသူများ၏ နာရေးကို ယမန်နေ့က ‌နေချင်းပြုလုပ်ခဲ့ကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။