Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် ​ဈေးသည် ၇ ဦးကိုသတ်ခဲ့​​သောစစ်​​ကောင်စီစစ်ကြောင်း အရာ​တော်မြို့နယ် ၊မင်းရွာသို့​ရောက်လာပြီးရွာကိုမီးရှို့

စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကို လူသားတံတိုင်းလုပ်ကာ ရွာများကို စစ်ကြောင်းထိုး‌‌နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(စစ်​ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်သတ်သွား​သောသမ္မရိုးရွာမှ ​ဈေးသည် ၇ ဦး ၏ နာ​ရေးကို​​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ​သေနတ်ဖြင့်ပစ်သတ်သွား​သောသမ္မရိုးရွာမှ ​ဈေးသည် ၇ ဦး ၏ နာ​ရေးကို​​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ယမန်နေ့ကဈေးသည် ခုနှစ်ဦးအား သတ်ဖြတ်သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် အရာတော်မြို့နယ် မင်းရွာကို ရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပိစစ်ကြောင်းသည်ဇူလိုင် ၆ ရက်နံနက် ၄ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ သမ္မရိုးရွာတွင် ဈေးသည် ခုနစ်ဦးကိုပစ်ခတိ သတ်ဖြတ်သွားခဲ့သည်။ ထိုစစ်ကြောင်းသည် ယနေ့ (ဇူလိုင် ၇ ရက်)တွင်အရာတော်မြို့နယ် မင်းရွာကို ရောက်ရှိလာခြင်းဖြစ်သည်ဟု​ဒေသခံများက​ပြောသည်။

“ဝက်လက်နဲ့အရာ‌​တော်က တစ်ဆက်ထဲ။ မနေ့က သမ္မရိုးမှာ‌ ဈေးသည်တွေကို သတ်သွားတဲ့ စစ်ကြောင်းက မင်းရွာကို မီးရှို့သွားတယ်” ဟု ဝက်လက်မြို့မှ ပြည်သူ့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကို လူသားတံတိုင်းလုပ်ကာ ရွာများကို စစ်ကြောင်းထိုး‌‌နေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၆ ရက်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ သမ္မရိုးရွာမှ ဦးသိန်းလှိုင်(အသက်၆၂နှစ်)၊ ဦးဖိုးလွင်(၅၅နှစ်)၊ကိုလွင်မိုး(၂၇နှစ်)၊ ဒေါ်နှင်းလှိုင်(၅၇နှစ်)၊ဒေါ်ပွေလီ(၄၆နှစ်)၊မအေးနုဝင်း(၄၀နှစ်)နှင့် ကူးတို့ကိုင်းရွာမှမဖြူဖြူစန်း(၃၀နှစ်) တို့ ဖြစ်သည်။

ထို့အပြင် ဦးတင်ဝင်း၊ဦးမြင့်သောင်း ၊ဒေါ်ခင်မာကြူ၊မခင်မျိုးသူ(ကိုယ်ဝန်ဆောင်)၊ဒေါ်နှင်းရီ ၊ဒေါ်ယုတို့ ဒဏ်ရာရခဲ့ကြောင်းသတင်းရရှိသည်။သေဆုံးသူများ၏ နာရေးကို ယမန်နေ့က ‌နေချင်းပြုလုပ်ခဲ့ကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၁၊၂၀၂၅။ဇော်ရမ်း/People’s Spring တောင်ငူမြို့နယ်၊မန်းကျီးပင်အင်းရွာတွင် ယနေ့ နံနက်အစောပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေပြီး ရွာကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများကပြောသည်။ “ရွာက အမြန်လမ်းရဲ့အနောက်ဘက်မှာ။စစ်တပ်စစ်ကြောင်းဝင်လာတာကနေတိုက်ပွဲဖြစ်တာ။ စစ်တပ်ကအိမ်တွေကိုမီးလိုက်ရှို့နေတယ်ဗျ။ကျွန်တော်တို့ အပြေးမြန်လို့ ထွက်လာလို့ရတာ။ ပိတ်မိသူတွေ ရှိနေတယ်”ဟုဒေသခံတဦးကပြောသည်။ စစ်ကောင်စီတပ်ကဖုန်းလိုင်းများလည်းဖြတ်တောက်ထားပြီး မန်းကျီးပင်အင်းရွာသို့ ဖုန်းဆက်သွယ်၍မရကြောင်းတောင်ငူမြို့ခံတဦးကပြောသည်။ Public Service Announcement ၎င်းက...

သတင်း

ဖားကန့်ကို ရောက်ရှိလာပြီးနောက်ကျောက်စိမ်းလုပ်ကွက်အချို့ကိုဆက်တိုက် မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်က ဇွန် ၁၀ရက် နေ့လယ်ပိုင်းတွင်လည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တခုမှ စက်ယန္တရားများများကို မီးရှို့ဖျက်ဆီးသွားသည်။

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းဒေသ ကျောက်စိမ်းလုပ်ကွက်ရှိ ကုမ္ပဏီ တခုအတွင်းရှိ ကား ၂ စီးနှင့် ဘတ်ဟိုး ၁စီးတို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောပြသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသရှိကုမ္ပဏီတစ်ခုကို စစ်ကောင်စီက ယနေ့(မေလ ၃၁ရက်)တွင် မီးရှို့ဖျက်ဆီးနေကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။