Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်မြို့နယ်တွင်စစ်တပ်က ပြည်သူနှစ်ဦးကိုဖမ်းဆီးပြီးတစ်ဦးကိုသတ် ၊စစ်တပ်ကလက်နက်ကြီးများ​ ပစ်ခတ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှပျူ​စောထီးများ စုစု​ပေါင်း အင်အား ၂၀ ​ကျော်သည်ယမန်နေ့(ဇူလိုင်လ၇ရက်)နံနက်ပိုင်းက မြကန်ကျေးရွာသို့ဝင်ရောက်လာခဲ့သည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

▪︎ထိုစစ်တပ်နှင့် ပျူစစ်​ကြောင်းကို ​​​ဒေသခံကာကွယ်​ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်သွားပြီး လက်နက်ကြီးများ​ပစ်ခတ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း၊ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ အင်းပတ်ကွေ့ရှိ စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှပျူ​စောထီးများ စုစု​ပေါင်း အင်အား ၂၀ ​ကျော်သည်ယမန်နေ့(ဇူလိုင်လ၇ရက်)နံနက်ပိုင်းက မြကန်ကျေးရွာသို့ဝင်ရောက်လာခဲ့သည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ထို့​နောက်ကျေးရွာအတွင်းမှ ရိက္ခါများကို သယ်ဆောင်သွားပြီး နေအိမ်(၂)လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ​ဒေသခံ အမျိုးသား၂ ဦးကို ဖမ်းဆီးပြီး ၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“နှစ်ယောက်အဖမ်းခံရတယ်။ တစ်ယောက်က မီးရှို့ခံထားရတယ်။ အလောင်းတွေ့ပေမယ့် ဘယ်သူဘယ်ဝါမသိရသေးဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့( ဇူလိုင်လ၈ရက်) နံနက်ပိုင်းတွင်လည်းအင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာများဘက်သို့ လက်နက်ကြီးငယ်များ ပစ်ခတ်နေ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

အဆိုပါ စစ်တပ်နှင့်ပျူများပါ​သောစစ်​ကြောင်းကို ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ​ဒေသခံကာကွယ်​ရေးတပ်များကပဒေသာမိုင်း(၂)တွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“မိုင်းကနှစ်တွဲဆွဲတာ။ လေးကောင်ကရှေ့တိုးကင်းတက်လာတာ။ တက်လာပြီး လက်နက်ငယ်နဲ့လာပစ်တာ။ ပစ်တဲ့အခါမှာမိုင်းကွင်းထဲရောက်တယ်။ မိုင်းဆွဲလိုက်တယ်။ လေးကောင်လုံး ကျသွားတယ်။ နောက်ထပ်ကောင်တွေထပ်တက်လာတော့ ထပ်ဆွဲတာ။ ဒဏ်ရာတွေရသွားတယ်။”ဟု KSO အဖွဲ့တာဝန်ခံက ဆိုသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(စစ်ကောင်စီတပ်စစ်ကြောင်းကြောင့်ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ထွက်ပြေးလာရသောပြည်သူများ။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် ဇူလိုင်လ ၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ရှိ ကုန်းကြီးရွာက နေအိမ် ၂၅လုံး၊ လယ်သစ်တောကျေးရွာမှ နေအိမ် ၂လုံး မီးရှို့သွားပြီး ကုန်းကြီးရွာ၌ ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ကာ မီးရှို့သွားသည်။ ထို့အပြင် ပြည်သူ(၂၀)ထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။