Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ၏​နေပြည်​တော်ကို တန်ပြန်ထိုးစစ်အတွက်ပြင်ဆင်​နေဟု KNDF ဥက္ကဌ ခွန်းဘီထူး​ပြော

လွန်ခဲ့သည့် သုံးလ ကစ၍ ကရင်နီ ဒေသ(အထူးသဖြင့် ပင်လောင်း၊ဖယ်ခုံ ဘက်)မှ မြေပြင် အင်အား ၁,၀၀၀ ကျော် အပြင် လေကြောင်းမှတဆင့် နေပြည်တော် ကို ကာကွယ်ရန် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်ဟု ၎င်းက ပြောသည်။

(KNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

စစ်ကောင်စီ၏ နေပြည်တော်ကို တန်ပြန်ထိုးစစ်အတွက် စစ်ဆင်ရေးများ ပြင်ဆင်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက ပြောကြား သည်။

လွန်ခဲ့သည့် သုံးလ ကစ၍ ကရင်နီ ဒေသ(အထူးသဖြင့် ပင်လောင်း၊ဖယ်ခုံ ဘက်)မှ မြေပြင် အင်အား ၁,၀၀၀ ကျော် အပြင် လေကြောင်းမှတဆင့် နေပြည်တော် ကို ကာကွယ်ရန် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“စစ်ကောင်စီရဲ့ နေပြည်တော်ရန်ကိုကျွန်တော်တို့ဘက်က ခုခံကာကွယ်တိုက်ခိုက်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဖြည့်တင်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။စစ်ကောင်စီက ပြီးခဲ့တဲ့သုံးလ လုံး လုံးဗျူဟာ ၁ ဘက် ပင်လောင်းဘက်ကနေ မှ ဖယ်ခုံမြို့ ပြီးရင်တော့ ဒီးမော့ဆိုဘက်ကို ထိုးဖောက်ဖို့ အကြိမ် ကြိမ် ကြိုးစား ခဲ့တယ်။အင်အား ၁,၀၀၀ ကျော် သုံးပြီးမှ ချေမှုန်းရေး တွေ အဆက်မပြတ်လုပ်ခဲ့တယ်။လေယာဥ်တွေနဲ့ပေါ့။ဒါပေမယ့် ကျွန်တော်တို့ ဗျူဟာ ၁ ဘက်က ခုခံကာကွယ်နိုင်ခဲ့တယ်။အခုချိန်မှာ ကျွန်တော်တို့ဘက်က ခုခံကာကွယ် နိုင်ရုံနဲ့ မပြီးတော့ဘဲ ဒီထက်ပိုကောင်းတဲ့ စစ် ဆင်ရေးတွေ ပြင်ဆင်နေပါတယ်”ဟု KNDF ဥက္ကဌက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် KNDF၏ ဗျူဟာ ၁ လက်အောက်ခံ တပ် ရင်းများ ၏ ပိုမိုအားကောင်းသည့် စစ်ဆင်ရေး များ ဖော်ဆောင်ရန် မောင်းပြန်အလက်၁၀၀ဖြည့်တင်နိုင်ရန်”ကရင်နီ အိပ်မက်” ဖေ့ဘုတ်စ်ပေ့ချ်မှတဆင့် ပါဝင်ဖြည့်တင်းပေးရန်လည်း မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“ဗျူဟာ ၁ ဘက်ကို မောင်းပြန်အလက် ၁၀၀ ကူနိုင်ဖို့အတွက် အထူးအလှူခံလိုပါတယ်။ဒီစစ်ဆင်ရေးတွေကတော်လှန်ရေး ၂၀၂၃ ရဲ့ အလှည့်အပြောင်းတွေ ဖြစ်လာနိုင်မှာ ဖြစ်တဲ့အတွက် ဒီ မောင်းပြန် ၁၀၀ ခန့်မှန်းခြေသိန်းတစ်သောင်းအထိ ပါဝင်ကူညီနိုင်ဖို့ အထူးတိုက်တွန်းလိုပါတယ်”ခွန်းဘီထူးက ပြောသည်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရာ၌ ကရင်နီတပ်ပေါင်းစုမှာ အောင်မြင်မှုများစွာရရှိနေပြီး မကြာသေးမီကပင် မယ်စဲ့ မြို့ကို ရရှိခဲ့သည်။

ထို့အတူ လမ်းများအားလုံးနေပြည်တော်သို့ဆိုရာတွင် ကရင်နီကဖောက်သည့် လမ်းသည် အတိုဆုံးသော၊အဖြောင့်ဆုံးသော၊အကျယ်ဆုံးသောအမြန်လမ်းမကြီး ဖြစ်ကြောင်း KNDF ၏ “ကရင်နီအိပ်မက်”က အသိ ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook