▪︎ကျောက်မြောင်း-ရွှေဘိုလမ်းတွင်စစ်ကားများကိုဒေသကာကွယ်ရေးအဖွဲ့များကြားဖြတ်တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့အဝင် အရှေ့ဘက်ဂိတ်အားလက်နက်ကြီးလက်နက်ငယ်များဖြင့် သွားရောက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း Freedom Fighters – LDF ၏တာဝန်ခံကိုအောင်ဒင်က ပြောသည်။
စစ်သားတစ်ဦးနှင့် ပျူတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကာ ပြည်သူ့ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

Public Service Announcement
“ဒဏ်ရာရရဲဘော်ရဲ့ အခြေအနေကတော့ လက်ရှိအခြေအနေကိုစောင့်ကြည့်နေဆဲပါ။အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ပါဘူး”ဟု ဒဏ်ရာရရဲဘောိအခြေအနေကို ၎င်းကရှင်းပြသည်။
စစ်သားများထိ့ခိုက်သေဆုံးမှုကို သတင်းပေးမှတစ်ဆင့်အတည်ပြုနိုင်ခြင်းဖြစ်ကြောင်းဗိုလ်အောင်ဒင်ကပြောသည်။ သို့သော် စစ်သားများထိခိုက်သေဆုံးမှုကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိခိုက်သေဆုံးသူများအား မြိုင်မြို့ထဲမှ လူမှုကူညီရေးကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း မြိုင်ပကဖအဖွဲ့က ပြောသည်။
“မြိုင်မြို့အထွက်က စီမံကိန်းရုံးမှာ ခွေး(စစ်ကောင်စီတပ်ကိုဆိုလိုခြင်းဖြစ်) ဆယ့်လေးငါးကောင်နေတယ်။ ပျူကသုံးလေးယောက်ပဲ ရှိတယ်။ အဲနေရာက ဂိတ်ကိုဝင်ပစ်တာ။ ပစ်တာ မိနစ်လေးဆယ်နီးပါးလောက်ကြာတယ်။”ဟု မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာကလည်းပြောသည်။
အဆိုပါဂိတ်တိုက်ခိုက်ခံရပြီးနောက်စစ်တပ်ကထပ်မံအင်အားဖြည့်ထားကြောင်းလည်သိရသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုသည် မြိုင်မြို့အထွက် စီမံကိန်းရုံးအနီးပတ်ဝန်းကျင်ရှိ အကာအကွယ်ရသောနေရာများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုစစ်ဆင်ရေးကို မြိုင်ပကဖရင်း(၁)နှင့် Royal Phoenix Task Force(R .P. T. F)၊Middle Revolution Task Force(M. R. T. F)၊Justice Revolution Team (J.R.T)၊Freedom Fighters – LDFအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ်(မန္တလေးမြို့အထွက်ဂိတ်)၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့် အီနာဂါချပြီး R7၊ လက်နက်ငယ်များနှင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုများ ရှိခဲ့သည်။
အခြားသတင်းတစ်ရပ်တွင် စစ်ကိုင်းတိုင်း၌ ဇူလိုင် ၈ ရက်နံနက်ပိုင်းကကျောက်မြောင်းမှရွှေဘိုသို့ စစ်ကောင်စီတပ်သားများလိုက်ပါလာသော ရှေ့ပြေး၁၂ဘီးကားအား တအုံကျေးရွာအရှေ့ဘက်၌ ဒေသခံကာကွယ်ရေးအဖွဲ့များက မိုင်း(၆)လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ထိုအပြင်နေ့လည်(၁နာရီ)ဝန်းကျင်တွင်စစ်ကားများအား လုံခြုံရေးယူပေးလျှက်ရှိသော စစ်သားများကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သား ၄ ယောက်အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း X Force – LPDF(Shwebo)သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ – ရဲဘော်Rootကပြောသည်။
“ကားတွေပေါ်မှာ စစ်သား ၅၀ ၊၆၀ လောက်တော့ပါမယ်ဗျကျွန်တော်တို့လည်း သေချာမမြင်နိုင်တော့ အတိအကျပြောဖို့ခက်တယ်”ဟု ရဲဘော်Root ကပြောသည်။
တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှူများနိုင်ပြီး အသေးစိပ်အတည်မပြုနိုင်ဟုဆိုသည်။ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရကျဆုံးသူမရှိဟု၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်ကို X Force – LPDF(Shwebo)၊ ရွှေဘိုမြို့နယ် ပကဖ ၊(PDO)ရွှေတောသားအဖွဲ့ ၊ရွှေဘိုဓူဝံ(PLA) နှင့် Burma Rangersတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါလမ်းတွင်စစ်ကောင်စီတပ်က ကင်းပုန်းဝပ်၍ စစ်ကားများမကြာခဏဖြတ်သန်းလေ့ရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း မကြာခဏတိုက်ခိုက်ကြောင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။
