Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့အဝင်စစ်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့ များတိုက်ခိုက်

စစ်​ကောင်စီတပ်ကို X Force – LPDF(Shwebo)၊ ရွှေဘိုမြို့နယ် ပကဖ ၊(PDO)ရွှေတောသားအဖွဲ့ ၊ရွှေဘိုဓူဝံ(PLA) နှင့် Burma Rangersတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

(Freedom Fighters - LDFမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-FF)
(Freedom Fighters - LDFမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-FF)

▪︎​ကျောက်​​မြောင်း-​ရွှေဘိုလမ်းတွင်စစ်ကားများကို​ဒေသကာကွယ်​​ရေးအဖွဲ့များကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့အဝင် အရှေ့ဘက်ဂိတ်အားလက်နက်ကြီးလက်နက်ငယ်များဖြင့် သွားရောက်ပစ်ခက်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း Freedom Fighters – LDF ၏တာဝန်ခံကိုအောင်ဒင်က ပြောသည်။

စစ်သားတစ်ဦးနှင့် ပျူတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကာ ပြည်သူ့ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်​ပြောသည်။

“ဒဏ်ရာရရဲဘော်ရဲ့ အခြေအနေကတော့ လက်ရှိအခြေအနေကိုစောင့်ကြည့်နေဆဲပါ။အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ပါဘူး”ဟု ဒဏ်ရာရရဲ​ဘောိအ​ခြေအ​နေကို ၎င်းကရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်သားများထိ့ခိုက်​သေဆုံးမှုကို သတင်း​ပေးမှတစ်ဆင့်အတည်ပြုနိုင်ခြင်းဖြစ်​ကြောင်းဗိုလ်​အောင်ဒင်က​ပြောသည်။ သို့​သော် စစ်သားများထိခိုက်သေဆုံးမှုကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိခိုက်သေဆုံးသူများအား မြိုင်မြို့ထဲမှ လူမှုကူညီရေးကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း မြိုင်ပကဖအဖွဲ့က ပြောသည်။

“မြိုင်မြို့အထွက်က စီမံကိန်းရုံးမှာ ခွေး(စစ်ကောင်စီတပ်ကိုဆိုလိုခြင်းဖြစ်) ဆယ့်လေးငါးကောင်နေတယ်။ ပျူကသုံးလေးယောက်ပဲ ရှိတယ်။ အဲနေရာက ဂိတ်ကိုဝင်ပစ်တာ။ ပစ်တာ မိနစ်လေးဆယ်နီးပါးလောက်ကြာတယ်။”ဟု မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာကလည်းပြောသည်။

အဆိုပါဂိတ်တိုက်ခိုက်ခံရပြီး​နောက်စစ်တပ်ကထပ်မံအင်အားဖြည့်​ထား​ကြောင်းလည်သိရသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုသည် မြိုင်မြို့အထွက် စီမံကိန်းရုံးအနီးပတ်ဝန်းကျင်ရှိ အကာအကွယ်ရသောနေရာများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုစစ်ဆင်ရေးကို မြိုင်ပကဖရင်း(၁)နှင့် Royal Phoenix Task Force(R .P. T. F)၊Middle Revolution Task Force(M. R. T. F)၊Justice Revolution Team (J.R.T)၊Freedom Fighters – LDFအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းကလည်း မြိုင်မြို့အဝင်စစ်ဆေးရေးဂိတ်(မန္တလေးမြို့အထွက်ဂိတ်)၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့် အီနာဂါချပြီး R7၊ လက်နက်ငယ်များနှင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုများ ရှိခဲ့သည်။

အခြားသတင်းတစ်ရပ်တွင် စစ်ကိုင်းတိုင်း၌ ဇူလိုင် ၈ ရက်နံနက်ပိုင်းကကျောက်မြောင်းမှရွှေဘိုသို့ စစ်​ကောင်စီတပ်သားများလိုက်ပါလာသော ရှေ့ပြေး၁၂ဘီးကားအား တအုံကျေးရွာအရှေ့ဘက်၌ ​ဒေသခံကာကွယ်​ရေးအဖွဲ့များက မိုင်း(၆)လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ထိုအပြင်နေ့လည်(၁နာရီ)ဝန်းကျင်တွင်စစ်ကားများအား လုံခြုံရေးယူပေးလျှက်ရှိသော စစ်သားများကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သား ၄ ​ယောက်အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း X Force – LPDF(Shwebo)သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ – ရဲဘော်Rootက​ပြောသည်။

“ကား​တွေ​ပေါ်မှာ စစ်သား ၅၀ ၊၆၀ လောက်တော့ပါမယ်ဗျကျွန်တော်တို့လည်း သေချာမမြင်နိုင်တော့ အတိအကျ​ပြောဖို့ခက်တယ်”ဟု ရဲ​ဘော်Root က​ပြောသည်။

တိုက်ခိုက်မှုတွင်စစ်​ကောင်စီတပ်မှ ထိခိုက်​သေဆုံးမှူများနိုင်ပြီး အ​သေးစိပ်အတည်မပြုနိုင်ဟုဆိုသည်။​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့များ ​ထိခိုက်ဒဏ်ရာရကျဆုံးသူမရှိဟု၎င်းကဆက်​ပြောသည်။

စစ်​ကောင်စီတပ်ကို X Force – LPDF(Shwebo)၊ ရွှေဘိုမြို့နယ် ပကဖ ၊(PDO)ရွှေတောသားအဖွဲ့ ၊ရွှေဘိုဓူဝံ(PLA) နှင့် Burma Rangersတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

အဆိုပါလမ်းတွင်စစ်​ကောင်စီတပ်က ကင်းပုန်းဝပ်၍ စစ်ကားများမကြာခဏဖြတ်သန်း​လေ့ရှိပြီး ​ဒေသခံကာကွယ်​ရေးအဖွဲ့များကလည်း မကြာခဏတိုက်ခိုက်​ကြောင်း ပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။