Connect with us

Hi, what are you looking for?

သတင်း

မူဆယ် စယ်လန့်ရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဟု TNLAပြော

ဇူလိုင် ၂၃ရက် ညနေပိုင်းတွင် မူဆယ်မြို့မှ စယ်လန့်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို TNLAက ဦးစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော တအာင်းတပ်မတော် (TNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ PSLF/TNLA)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သော တအာင်းတပ်မတော် (TNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ PSLF/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီးတွင် တအာင်းတပ်မတော် (TNLA) နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း TNLA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ဇူလိုင် ၂၃ရက် ညနေပိုင်းတွင် မူဆယ်မြို့မှ စယ်လန့်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို TNLAက ဦးစွာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ကမူဆယ်မြို့နယ် စယ်လန့် မူဆယ်-နမ့်ခမ်းကားလမ်းမပေါ်ပေါ့။ အဲဒီနားမှာ တိုက်ပွဲဖြစ်ပွားတာ။ အဓိကတော့ ဒီတစ်ပတ်တည်းမှာ မနေ့ကနဲ့ဆိုရင် တိုက်ပွဲက ၅ကြိမ်လောက်ဖြစ်တယ်။ စဖြစ်တာကတော့ ကျနော်တို့ဘက်ကို သူတို့က ထိုးစစ်ဆင်တက်လာလို့ တိုက်ပွဲဖြစ်တာပေါ့။ ဒီနောက်ပိုင်းမှာတော့ သူတို့က ကျနော်တို့နဲ့ နီးတဲ့နေရာအထိ ထိုးစစ်ဆင်ပြုလုပ်ပြီးမှ တိုက်တာပေါ့။ မနေ့က စယ်လန့်မှာသူတို့ထိုးစစ်တက်လာတဲ့အချိန် အဲဒီမှာ ရှိနေတဲ့ ကျနော်တို့အဖွဲ့နဲ့ တိုးတဲ့အချိန် ကျနော်တို့က စပြီး ပစ်ခတ်လို့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်” ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

စစ်ကောင်စီတပ်မှ သုံးဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ ဘယ်လိုသုံးသပ်လို့ရမလဲဆိုတော့ ထိုးစစ်ကတော့ အာဏာမသိမ်းခင်ကတည်းက ကျနော်တို့ဘက်ကိုထိုးစစ်ရှိပြီးသားဖြစ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုးစစ် ဆက်ရှိနေတယ် လုံး၀ လျော့သွားတဲ့ အနေအထားမရှိဘူး။ ဒါပေမဲ့ အရင်က ပုံစံက ကျနော်တို့ရှိတဲ့ တောတွင်းအထိ လိုက်လံတိုက်ခိုက်တော့ တိုက်ပွဲကပိုများတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းတောအထိ လိုက်လံတိုက်ခိုက်တာနည်းတော့နည်းတယ်။ရံဖန်ရံခါ ထိတွေ့မှုကတော့ရှိတယ်။” ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

ယခုလတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှု ပိုလုပ်လာ၍ ထိတွေ့မှု ပိုများလာခြင်းဖြစ်သည်ဟုဆိုသည်။

ယမန်နေ့ စယ်လန့်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်အား TNLA တပ်မဟာ(၁)၊ တပ်ရင်း(၁၁၂)မှ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် TNLA ရှိရာသို့ ခုနစ်ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ် လေးလုံး ထိခိုက်ပျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ အင်အားထပ်မံ ဖြည့်တင်းမှုကြောင့် စယ်လန့်ဒေသခံများ မန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရွာလုံးကျွတ်ထွက်ပြေးခိုလှုံနေကြရသည်ဟု ဆိုသည်။

ယခု ဇူလိုင်အတွင်း၌ TNLAနှင့် စစ်ကောင်စီတပ်တို့သည် ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်များ၌တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။