Connect with us

Hi, what are you looking for?

သတင်း

နွေဦးဘဏ်အကောင့်ဖွင့်လှစ်သူ ပမာဏများနေ၍အဆင့်မြှင့်တင်ရန် စနစ်ခဏရပ်ဆိုင်းမည်

ရပ်ဆိုင်းမည့် အချိန်မှာ ဇူလှိုင် ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၄နာရီမှ စတင်ပြီး Beta App (ဘီတာအပလီကေးရှင်း)ကို ခေတ္တခဏရပ်ဆိုင်းမည်ဟု ဆိုသည်။

နွေဦးဘဏ်အကောင့်ဖွင့်လှစ်သူ ပမာဏများနေ၍အဆင့်မြှင့်တင်ရန် စနစ်ခဏရပ်ဆိုင်းမည်
နွေဦးဘဏ်အကောင့်ဖွင့်လှစ်သူ ပမာဏများနေ၍အဆင့်မြှင့်တင်ရန် စနစ်ခဏရပ်ဆိုင်းမည်

နွေဦးဘဏ်ဖော်ဆောင်နေသည့် Betaဝက်ဘ်အပလီကေးရှင်း (Web Application)သည် သုံးဆွဲသူပမာဏ ခန့်မှန်းထားသည့်ထက်ပိုများနေ၍ အဆင့်မြှင့်တင်ရန် ခေတ္တရပ်ဆိုင်းမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးဘဏ်က ယနေ့ထုတ်ပြန်သည်။

ရပ်ဆိုင်းမည့် အချိန်မှာ ဇူလှိုင် ၂၆ ရက် မြန်မာစံတော်ချိန် နံနက် ၄နာရီမှ စတင်ပြီး Beta App (ဘီတာအပလီကေးရှင်း)ကို ခေတ္တခဏရပ်ဆိုင်းမည်ဟု ဆိုသည်။

ပြင်ဆင်မွမ်းမံချိန် ၁နာရီခန့်ကြာမြင့်မည်ဖြစ်ပြီးအပ်နှံငွေများလုံခြုံစွာသိမ်းဆည်းထားမည်ဖြစ်၍စိုးရိမ်စရာမလိုကြောင်းလည်းနွေဦးဘဏ်ကထုတ်ပြန်ထားသည်။

ကနဦးစမ်းသပ်အသုံးပြုသူ အရေအတွက် ၁၀၀၀ ကန့်သတ်ထားပြီးဘဏ်စနစ်တည်ငြိမ်စွာလည်ပတ်နိုင်ရန်ပြင်ဆင်မွမ်းမံထားခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ နွေဦးဘဏ်က ထုတ်ပြန်ထားသည်။ ဖွင့်လှစ်ရာတွင်မအောင်မြင်သေးပါကလည်း အရေအတွက်တိုးချဲ့ သည့် အချိန်အား စောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

“၂၂ရက် မနက်ကတည်းက အကောင့် ၁၀၀၀ကို အစမ်းဖွင့်ပေးတာပါ။ အခုအထိ ဖွင့်ချင်တဲ့သူတွေ ဖွင့်လိုရအောင် နည်းပညာပိုင်းပြင်ဆင်နေပါတယ်”ဟုဘဏ်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရကစစ်ကောင်စီကဝင်ငွေရလမ်းကို ပိတ်ဆို့ရန်နှင့် တော်လှန်ရေးကို ရန်ပုံငွေထောက်ပံ့ရန်အတွက် နွေဦးဘဏ်ကို ဇူလှိုင် ၂၂ ရက်တွင် စမ်းသပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးဘဏ်ဖွင့်လှစ်ခြင်းသည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သညဟု NUGကဆိုသည်။

သတင်း

SDBဘဏ်သည် စစ်ကောင်စီထံစီးဝင်နေသည့် နိုင်ငံခြားငွေကြေးများကို ဟန့်တားနိုင်ရန်နှင့် တော်လှန်ရေးရန်ပုံငွေထောက်ပံ့ပေးနိုင်ရန်ဖြစ်ပြီး စစ်ကောင်စီကို ဘဏ္ဍာ​ရေးအရတိုက်စစ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု NUGကြားကာလဗဟိုဘဏ်ဗဟိုဘဏ်ခေါင်းဆောင်များကဆိုသည်။

သတင်း

နွေဦးဘဏ်ကို တည်ထောင်ရာတွင် မတည်ရင်းနှီးရင်းငွေသည် အနိမ့်ဆုံး ဒေါ်လာ ၅ သိန်းဖြစ်ပြီး ဘဏ်အစုရှယ်တစ်စုကို ဒေါ်လာ ၀.၀၀၀၁ ( ၀.၃၁ ကျပ်) ဖြင့် အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ သတ်မှတ်ထားသည်ဟုအဆိုပါစည်းမျဉ်းတွင်ဖော်ပြထားသည်။