Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာအနီးတိုက်ပွဲများတွင် စစ်ကောင်စီတပ် အတုန်းအရုန်းသေနေဟု KIA ရှေ့တန်းမှ PDF ရဲဘော်ပြော

လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်ရာတွင် စစ်ကောင်စီက အောင်မြင်မှုများရနေကြောင်း စစ်ကောင်စီ လော်ဘီများက ဝါဒဖြန်နေ့ခြင်းနှင့်ပတ်သတ်သက်ပြီး အဆိုပါ ရဲဘော်က မြေပြင်အခြေအနေကို ပြောပြလာခြင်း ဖြစ်သည်။

(လိုင်ဇာမြို့ တစ်နေရာတွင် လုံခြုံရေးယူနေသော KIA တပ်သားတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - GETTY IMAGES)
(လိုင်ဇာမြို့ တစ်နေရာတွင် လုံခြုံရေးယူနေသော KIA တပ်သားတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - GETTY IMAGES)

“လက်နက်မပြည့်စုံတဲ့ စစ်ကိုင်းမှာတိုက်တာတောင် ခင်ဗျားတို့လက်နက်ပြည့်စုံတဲ့ မင်းအောင်လှိုင် စစ်တပ်ကြီးက မနိုင်ဘူး။လိုင်ဇာဌာနချုပ်ဆို ပြောမနေနဲ့”

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး နန်ဆန်ယာန်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့‌ကြောင်း KIA နယ်မြေ ရှေ့တန်းရောက် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်ရာတွင် စစ်ကောင်စီက အောင်မြင်မှုများရနေကြောင်း စစ်ကောင်စီ လော်ဘီများက ဝါဒဖြန်နေ့ခြင်းနှင့်ပတ်သတ်သက်ပြီး အဆိုပါ ရဲဘော်က မြေပြင်အခြေအနေကို ပြောပြလာခြင်း ဖြစ်သည်။

“တကယ်တန်းက စစ်ခွေးရဲခွေးတွေ အတုန်းအရုန်းသေပြီးမှ သူတို့ပဲ ခွေးပြေး ဝက်ပြေး ပြေးရတာ။ ဒါလက်ရှိ စစ်မြေပြင်တစ်ရပ်မှာပေါ့” ဟု ကချင်ဒေသ PDF ရဲဘော်က ပြောသည်။

အဝေးကနေ လော်ဘီမလုပ်ဘဲ ကိုယ်တိုင်လာကြည့်ရန်လည်း စစ်ကောင်စီ လော်ဘီများကို ဖိတ်ခေါ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ဘယ်သူက ကျားလည်း၊ ဘယ်သူက သားကောင်လည်းဆိုတာ ခင်ဗျားတို့သိအောင်ပြောပြတာ”ဟု ၎င်းက ဆိုသည်။

အင်အားကြီးသည့် စစ်တပ်ကျရှုံးရခြင်းမှာ မင်းအောင်လှိုင်က အာဏာရူးပြီး ပြည်သူလူထုကို တိုက်ခိုက်နေခြင်းကြောင့်ဖြစ်သည်ဟု ပြောသည်။

“အခု ခင်ဗျားတို့ သိထားဖို့က ပြည်သူမပါရင် ဘယ်စစ်ပွဲမျိုးမဆို တိုက်လို့မနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူ့ဘက်မှာ ခင်ဗျားတို့ မရပ်တည်လို့။ ပြည်သူက ခင်ဗျားတို့ကို မထောက်ခံလို့။ခင်ဗျားတို့က လက်နက်မပြည့်စုံတဲ့ စစ်ကိုင်းမှာ တိုက်တာတောင် ခင်ဗျားတို့ လက်နက်ပြည့်စုံတဲ့ မင်းအောင်လှိုင် စစ်တပ်ကြီးက မနိုင်ဘူး။ ခင်းဗျားတို့ လော်ဘီ ဘယ်လောက်လုပ်လုပ် ကျနော်တို့ ပြည်သူတွေကလည်း သိတယ်။ မြေပြင်မှာ လက်ရှိတိုက်နေတဲ့ ကျနော်တို့ PDF တွေကလည်းသိတယ်။ လိုင်ဇာဌာနချုပ်ဆိုပြောမနေနဲ့”ဟု ကချင်ဒေသ PDF ရဲဘော်က ပြောသည်။

နောက်ထပ် အင်အားအများအပြား အသုံးပြုလာတိုက်လည်း စစ်ကောင်စီတပ် အနိုင်ရမည်မဟုတ်ဟု ဆိုသည်။

“ဘာဖြစ်လို့လည်းဆိုတော့ ဒီနယ်တစ်ဝိုက်မှာက ကချင်ပြည်နယ် လိုင်ဇာတစ်ဝိုက်မှာ ကျနော်တို့ PDFတွေ တိုင်းရင်းသား တပ်ပေါင်းစု အစုံအကုန်ရှိယ်။ကျနော်တို့ဘက်က အကျအရှုံးနည်းတယ်ဆိုတာကျနော်တို့က တိုင်းပြည်နဲ့ ပြည်သူအတွက်ကို ကိုယ်ကျိုးပြုပြီးမှ ကျနော်တို့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တိုင်းရင်းသားတွေနဲ့ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံကိုသွားမယ့်တော်လှန်ရေးတပ်တွေဖြစ်တယ်။ အဲဒီတော့ခင်ဗျားတို့ မင်းအောင်လှိုင် ဘယ်လောက်ပဲ ကမ်းကုန်အောင် နောက်ဆုံးအထိ မိုက်ရူးရဲဆန်ပါစေ မနိုင်ဘူးခင်ဗျားတို့လုံး၀မနိုင်ဘူးစိတ်ချ”ဟု KPDF ရဲဘော်က ပြောသည်။

မင်းအောင်လှိုင်အနေဖြင့် မည်သည့်အခါမှ အုပ်ချုပ်ခွင့်ရမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“အုပ်ချုပ်ခွင့်လည်း အခုအချိန်လည်း မရဘူး။ဘာဖြစ်လို့လည်းဆိုတော့ တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန်တော်လှန်နေလို့ ဆိုတာ ခင်ဗျားတို့ သိဖို့ ပြောပြတာ”ဟု KPDFရဲဘော်က ပြောသည်။

ယမန်နေ့(ဇူလိုင် ၂၅ရက်)တွင် နမ်ဆန်ယာန်ဒေသသို့လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများကို KIAက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားရကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယ‌နေ့ (ဇူလိုင် ၁၂ရက်) ညပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကျည်ကျ၍ နေအိမ်အချို့မီးလောင်ကာ တိုက်ပွဲအတွင်း ပိတ်မိသူ အမျိုးသားနှစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။