Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးနဲ့နတ်သံကွင်းကြားလမ်းပိုင်းကို အသွားအလာမလုပ်ဖို့ KNDO စာထုတ်

လတ်တလောမှာလည်း ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNU ၊ PDF ပူးပေါင်းတပ်တွေကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားတာတွေရှိနေပါတယ်။

ကျောက်ကြီးနဲ့နတ်သံကွင်းကြားလမ်းပိုင်းကို အသွားအလာမလုပ်ဖို့ KNDO စာထုတ်
ကျောက်ကြီးနဲ့နတ်သံကွင်းကြားလမ်းပိုင်းကို အသွားအလာမလုပ်ဖို့ KNDO စာထုတ်

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကြား ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းကို မနက်ဖြန် ဇူလိုင် ၂၇ ရက်က စတင်ပြီး အသွားအလာမပြုလုပ်ကြဖို့ KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) အမှတ် ၃ တပ်ရင်းက စာထုတ်လိုက်ပါတယ်။

အဲဒီကားလမ်းပိုင်းမှာစစ်ကောင်စီတပ်က လူထုကို အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေလို့ စာထုတ်တာလို့ ဆိုထားပါတယ်။

ကျောက်ကြီးနဲ့နတ်သံကွင်းကြားလမ်းပိုင်းကို အသွားအလာမလုပ်ဖို့ KNDO စာထုတ်
ကျောက်ကြီးနဲ့နတ်သံကွင်းကြားလမ်းပိုင်းကို အသွားအလာမလုပ်ဖို့ KNDO စာထုတ်

ဒါကြောင့် မနက်ဖြန် ကစတင်ပြီး ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့ကြား ကားလမ်းပိုင်းမှာ သွားလာတာမလုပ်ကြဖို့ ၊ ကားလမ်းဘေးက ရွာတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ည၆ နာရီကနေ နောက်နေ့ မနက် ၆ နာရီအတွင်း အသွားအလာမလုပ်ကြဖို့ KNDO ရဲ့စာမှာတားမြစ်ထားပါတယ်။

အရေးပေါ် သွားလာဖို့ လိုအပ်ရင် ကြိုတင်အကြောင်းကြားဖို့ကိုလည်း ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို တားမြစ်ချက်ဟာ ပြန်လည်မရုတ်သိမ်း သမျှကာလပတ်လုံး အတည်ဖြစ်တယ်လို့လည်း KNDO ရဲ့ ထုတ်ပြန်တဲ့စာမှာဖော်ပြထားပါတယ်။

ညောင်လေးပင်ခရိုင်ဟာ KNU တပ်မဟာ ၃ လှုပ်ရှားရာနယ်မြေလည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNU ၊ PDF ပူးပေါင်းတပ်တွေကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။