Connect with us

Hi, what are you looking for?

သတင်း

KIA ဌာနချုပ် လိုင်ဇာအနီးဒေသများ၌တစ်နေကုန် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်အထိနာ

ဇူလိုင် လဆန်းမှ စတင်ခဲ့သည့် နမ့်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က တပ်အင်အား အများအပြားဖြည့်တင်းထားပြီး ယနေ့ နံနက်တွင် ထိုးစစ်ကြီးအသွင်ဖြင့် တိုက်ခိုက်လာရာ KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်​ကောင်စီ၏ တိုက်​လေယာဥ် ၂ စီး စမ်းသပ်ပျံသန်းစဥ်/ပုံ​ဟောင်းဖြစ်ပါသည် ။ ။ဓါတ်ပုံ- စစ်​ကောင်စီ)
(စစ်​ကောင်စီ၏ တိုက်​လေယာဥ် ၂ စီး စမ်းသပ်ပျံသန်းစဥ်/ပုံ​ဟောင်းဖြစ်ပါသည် ။ ။ဓါတ်ပုံ- စစ်​ကောင်စီ)

▪︎စစ်​ကောင်စီက ယ​နေ့ည နမ့်ဆန်ယန်ကို တိုက်လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာ နှင့်အနီး ဒေသများ၌ ယနေ့ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဇူလိုင် လဆန်းမှ စတင်ခဲ့သည့် နမ့်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က တပ်အင်အား အများအပြားဖြည့်တင်းထားပြီး ယနေ့ နံနက်တွင် ထိုးစစ်ကြီးအသွင်ဖြင့် တိုက်ခိုက်လာရာ KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ဒီနေ့ တိုက်ပွဲ တစ်နေကုန်ဖြစ်တယ်။ နံနက် ၁၁နာရီကနေ ညနေ ၅နာရီခွဲအထိ။ လိုင်ဇာနားနမ့်ဆန်ယန်၊မဒီးယန်၊ အောင်ဂျာရွာတဝိုက်မှာဖြစ်တာ။ စကစတွေ တော်တော်အထိနာသွားတယ်။ တိုက်ပွဲ တော်တော် ပြင်းထန်တယ်” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထိ​နောက်ယနေ့( ဇူလိုင် ၂၇) ည ၁၀နာရီ ၂၀ခန့်တွင် တံတားဦး​လေတပ်မှ တက်လာသည့် တိုက်လေယာဉ် ၂စီးသည်နမ့်ဆန်ယန်ကိုဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။ ထိုသို့လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိ၊မရှိကိုမူ People’s Spring က စုံစမ်းဆဲဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ​​လေ​ကြောင်း​စောင့်ကြည့်​ရေး ချန်နယ်ဖြစ်​သော EAR ၏အချက်အလက်များအရ တံတားဦး​လေတပ်မှ ဂျက်တိုက်​လေယာဥ် ၂ စီးမှာ ဇူလိုင် ၂၇ ရက် ည ၉ နာရီ ၄၃ မိနစ်နှင့် ၄၅ မိနစ်တွင်အသီးသီး တက်လာပြီး ကချင်ပြည်နယ်သို့ ဗုံးသွားကျဲခဲ့သည်။ထို​နောက် ည ၁၀ နာရီ ၅၈ မိနစ်နှင့်ည ၁၁ နာရီ ၅ မိနစ်တွင် ပြန်လည်ဆင်းသက် သည်ကို​တွေ့ရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂၁ ရက်ညကလည်း နမ့်ဆန်ယန်ရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုစဉ်က လူထိခိုက်မှုမရှိသော်လည်း နွား အချို့သေဆုံးကာ နမ်ဆန်ယန်ရွာ အုပ်ချုပ်ရေးမှူးရုံးပျက်စီးခဲ့သည်။

လက်တ​လောစစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူအား ယနေ့ညနေပိုင်း၌ဆက်သွယ်မေးမြန်းရန်ကြိုးစား​သော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။