Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့တိုက်ပွဲ စစ်ကောင်စီတပ်ထံမှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိ

ဇွန်လဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းလိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့နှင့် ဖားဆောင်းမြို့တို့တွင် စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းပြီးနောက် ဇွန်လတတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကန္တရဝတီတိုင်း(မ်))
(ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကန္တရဝတီတိုင်း(မ်))

ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်၊ခဲယမ်းများသိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၇ရက်)က ဖားဆောင်းမြို့အထွက်ရှိ စစ်ကောင်စီတပ်ရှိသည့်နေရာကို ကရင်နီပူး ပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ခြင်းဟု ဆိုသည်။

“ဖားဆောင်းမြို့ မြောက်ဘက်က စကစ တပ်စွဲတဲ့နေရာကို မနေ့က မနက်ပိုင်း ဝင်တိုက်တာ။အယောက် ၄၀ လောက်သူတို့ဘက်က တပ်စွဲထားတာလို့ သိရတယ်။လက်နက်ခဲယမ်းရတာလည်းဟုတ်တယ်။ဒါပေမယ့် ထိခိုက်မှုအသေးစိတ်တော့ မသိရသေးဘူး”ဟု ဖားဆောင်း PDF တာဝန်ရှိသူက ပြောသည်။

လက်နက်ခဲယမ်းသိမ်းဆည်းရမိသည့် အခြေအနေအရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၂၀ခန့်ရှိနိုင်ကြောင်း ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဒေသခံ ကန္တရဝတီတိုင်း(မ်)သတင်းဌာနသို့ ပြောထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီထံမှသိမ်းဆည်းရမိသည့် ဓာတ်ပုံမှတ် တမ်းနှင့် လက်နက်ခဲယမ်းများအရ လက်နက်ကြီး ကျည်များအပါအဝင် အာပီဂျီ၊အီနာဂါနှင့် ကျည်ဆံငယ် ထောင်နှင့်ချီ ပါဝင်သည်။

ထို့အပြင် ဆက်သွယ်ရေးစက်နှင့် စစ်ကောင်စီ၏ တပ်မ (၆၆)နှင့် (၅၅)ဘတ်တံဆိပ်ပါ ဝတ်စုံများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

ဖားဆောင်းမြို့နယ် သံလွင်တံတားအရှေ့ဘက်ခြမ်းကို ဇူလိုင် ၂၁ရက်ကစ၍ မြေပြင်တပ်ရင်း သုံးခုအသုံးပြုပြီး လေကြောင်းဖြင့်ပါ စစ်ကောင်စီ​က နေ့စဥ် ထိုးစစ်ဆင်နေသည်။

ထို့အပြင် ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းကစ၍ သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဖားဆောင်းမြို့နယ်(ကျောက်ပန်းညိုရွာ)ကျော်ကာ မယ်စဲ့မြို့နယ်ရှိ ကျောက်စုရွာသို့ စစ်ထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့မှု ပြင်းထန်ခဲ့သည်။

လက်ရှိ တိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုမူ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်ပြောဆိုခြင်းမပြုသေးပေ။

ဇွန်လဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းလိုက်ပြီးနောက် ပြန်လည်ရယူနိုင်ရေး ရွာသစ်မြို့နှင့် ဖားဆောင်းမြို့တို့တွင် စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းပြီးနောက် ဇွန်လတတိယပတ်ကစ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။