Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့တွင် တိုက်ပွဲပြန်ဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု PDF ပြော

ယမန်နေ့(ဇူလိုင် ၂၁ရက်)တွင် ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်း(ရှမ်း)ကျေးရွာများသို့ စစ်ကောင်စီမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့ခြင်းဟု ဆိုသည်။

(ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ဖားဆောင်း PDF တပ်ဖွဲ့ရဲဘော်တစ်ဦးအား တွေ့ရစဥ်)
(ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် ဖားဆောင်း PDF တပ်ဖွဲ့ရဲဘော်တစ်ဦးအား တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့တိုက်ပွဲ ပြန်လည်စတင်ခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိကြောင်း ဖားဆောင်း PDFက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂၁ရက်)တွင် ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်း(ရှမ်း)ကျေးရွာများသို့ စစ်ကောင်စီမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့ခြင်းဟု ဆိုသည်။

ထို့ကြောင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(အမှတ်- ၁၁၀၈)၊ ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်(အမှတ်- ၁၁၀၅)၊ ကလလတ၊ KNDF တပ်ရင်း(၂၀)၊ KRU တပ်ပေါင်းစုများနှင့် ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယခုတွင် စစ်ကောင်စီတပ်များက ကျေက်ပန်းညိုကျေး ရွာနှင့် ဝမ်အောင်းရှမ်းကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးနေကြောင်း ဖားဆောင်း PDF တပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ ဇူလိုင် ၂၁ရက် နံနက်၆နာရီမှ နောက်တစ်ရက်အထိ ထိ​​​တွေ့မှုပြင်းထန်လျက်ရှိကာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ ဒဏ်ရာနှင့် အသေအပျောက်များရှိသော်လည်း အသေးစိတ်မသိနိုင်သေးပေ။

Public Service Announcement
Public Service Announcement

“သတင်းတစ်ခုတော့ ထူးတာရှိတယ်။နေပြည်တော်နဲ့ အနီးဆုံးဖြစ်တဲ့ ကရင်နီကို ထောက်ပို့ကြပါ ။ဒီထက်ပိုစွမ်းဆောင်နိုင်တဲ့ရလဒ်တွေ မကြာခင် ထွက်လာမှာပါ။ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်သေးတယ်”ဟု ကရင်နီတော်လှန်ရေးအင်အားစု(KRU)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ဖားဆောင်းမြို့နယ်မှတဆင့် မယ်စဲ့မြို့ သို့ဝင်ရောက်နိုင်ရန် တပ်ရင်း နှစ်ခုအထိ အသုံးပြုထားသည်။

“ထိတွေ့မှုမရှိဘဲနဲ့ လေကြောင်းနဲ့ ကျောက်ပန်းညိုဘက်ကို အခုလပိုင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်တယ်။ပြီးတော့ မြေပြင်တပ်တွေကို ဖားဆောင်းမြို့နယ်တွင်းမှာ အင်အားတိုးပြီး ဝင်လာတာ။တပ်မ(၄၄)လက်အောက်ခံ တပ်ရင်းတွေပဲ။အင်အားကတော့ ၂၀၀ကျော်ရှိတယ်”ဟု ဖားဆောင်း PDF တပ်ဖွဲ့ ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိတိုက်ပွဲတွင် ပူးပေါင်းတပ်များဒဏ်ရာရထိခိုက်မှုမရှိခဲ့ဟု ဖားဆောင်း PDFက အသိပေးသည်။

ထို့အပြင် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်သည့်အတွက် ဖားဆောင်းမြို့နယ်ပြည်သူများ ဘေးကင်းရာတွင် သတိဖြင့်နေထိုင်ရန် ဖားဆောင်း PDF က တိုက်တွန်းသည်။

ဇွန်လဒုတိယပတ်က မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်က ထိန်းချုပ်လိုက်ပြီးနောက် ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီက အင်အားတိုးမြှင့်ချထားပြီး စစ်ကြောင်းထိုးလှုပ်ရှားလာပြီးနောက် ဇွန်လတတိယပတ်ကစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီ၏ ခလရ(၁၃၄) နှင့်(၁၃၅)တို့ အခြေစိုက်တပ်များရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ