Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံစိုက်ပျိုး​ရေးသိပ္ပံ​ကျောင်းမှ ​ကျောင်းအုပ်အပါအဝင် ဆရာ၊ဆရာမ ၇ ဦး CDM ပြုလုပ်ပြီး လွတ်​မြောက်နယ်​မြေတွင်​​​ရောက်နေဟု LLPDF ​ပြော

လက်တလောတွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်းစီစစ်ကြောင်း နှစ်ခုထက်မနည်း စစ်ကြောင်းထိုးနေ သောကြောင့် ပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

(​လောင်းလုံ PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- LLPDF)
(​လောင်းလုံ PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ- LLPDF)

▪︎စစ်​ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်​ကြောင်းထိုး​နေ

လောင်းလုံးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး အပါအဝင် ဆရာ/ဆရာမ ခုနစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ညှိနှိုင်းပြီး CDM ပြုလုပ်လာပြီးနောက် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသည်ဟု သတင်းရရှိသည်။

“CDM လုပ်လာတာစုစုပေါင်းခုနစ်ဦးပါ။ သူတို့ကို ထိန်းသိမ်းပြီးတဲ့နောက် သူတို့ သဘောဆန္ဒအတိုင်း CDM လုပ်ချင်တယ်ဆိုလို့ လွတ်မြောက်နယ်မြေကို ပို့ပေးလိုက်ပါတယ်”ဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)သည် ပြီးခဲ့သည့် ဇွန်လိုင်လ ၂၀ရက်က လောင်းလုံးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းထဲကို ဝင်ရောက်ကာ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ/ဆရာမ ခုနစ်ဦးကို ထိန်းသိမ်းခဲ့ကြောင်း၊ လောင်းလုံးမြို့နယ်မှ Non CDM များ စစ်ကောင်စီလက်အောက်တွင် အလုပ်မလုပ်ကြရန် ပြီးခဲ့သည် ဇွန်လအတွင်းက နောက်ဆုံးသတိပေးခဲ့သော်လည်း မလိုက်နာသောကြောင့် ယင်းကဲ့သို့ ထိန်းသိမ်းခဲ့ခြင်းဖြစ်‌ကြောင်းLLPDF ထုတ်ပြန်ထားသည်။ထို့နောက် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမ ခုနစ်ဦးစလုံးသည် CDMပြုလုပ်ရန် ဆုံးဖြတ်ကြပြီး နေရပ်သို့ ပြန်ပို့ရန်စီစဉ်နေစဉ် စစ်ကောင်စီစစ်ကြောင်းများကြောင့် မပို့နိုင်ခဲ့ဘဲ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်​တော်တို့တွေထိမ်းသိမ်းထားစဉ်မှာခုနှစ်ယောက်စလုံးကို သတ်ပစ်လိုက်ပြီလို့ စကစက သတင်းတွေလွှင့်ခဲ့သေးတယ်။ အခုတော့ အားလုံး လွတ်မြောက်နယ်မြေမှာ အဆင်ပြေပြေရှိနေပါတယ်။ စစ်ကောင်စီကတော့တောက်လျှောက်စစ်ကြောင်းတွေထိုးနေပါပြီ”ဟု တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

CDM ပြုလုပ်လာသူခုနှစ်ဦးမှာ အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦးဖြစ်သည်။ ယခုဖြစ်ရပ်မတိုင်ခင် လွန်ခဲ့သည့်လအနည်းငယ်က လောင်းလုံးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဒုတိယဦးစီးမှူးသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး PDF များကို ဖမ်းဆီးခြင်း၊ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ လူထုအား အနိုင်ကျင့်ဖိနှိပ်ခြင်းများ ပြုလုပ်နေသောကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲမှ သတင်းရရှိသည်။

လက်တလောတွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်းစီစစ်ကြောင်း နှစ်ခုထက်မနည်း စစ်ကြောင်းထိုးနေ သောကြောင့် ပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။