Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာ သေဆုံး

နောင်ချိုမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာတင် CDM မှာပါဝင်ခဲ့သူဖြစ်ပါတယ်။

CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာ သေဆုံး
CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးမှာ သေဆုံး

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ရှမ်းပြည်နယ် ၊နောင်ချိုမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဦးဌေးလင်းအောင်ဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်ဆိုတာကို တစ်နှစ်ကျော်ကြာမှာ မိသားစုထံ စစ်ကောင်စီဘက်က အကြောင်းကြားလာတယ်လို့ နီးစပ်သူတွေထံကတဆင့် သိရပါတယ်။

CDM ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်ဟာ စစ်ကြောရေးရောက်ပြီး ၆ ရက်အကြာမှာ ဆုံးပါးသွားတာပါ။

အဲဒီသတင်းကို အခုသီတင်းပတ်မှာမှ မိသားစုဆီအကြောင်းကြာလာတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လအတွင်း လားရှိုးကနေ နောင်ချိုကိုအပြန် ၊ကျောက်မဲမြို့အဝင်ဂိတ်မှာ ဦးဌေးလင်းအောင် ဖမ်းခံရတာပါ။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာတင် CDM မှာပါဝင်ခဲ့သူဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သတင်းကိုကြားသိရပြီး နောက် ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရလို့ တစ်နှစ်ကျော်ကြာ စုံစမ်းခဲ့ရတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဖမ်းဆီးခံရသူတွေကို စစ်ကြောရေးလုပ်ရာမှာ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းအရ စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်အထိ စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူ ဦးရေဟာ ၉၁ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။