Connect with us

Hi, what are you looking for?

သတင်း

“ဒီတခွင်မှာရှိနေတဲ့သူတွေက ပြည်သူတွေဆိုတာမရှိဘူး။ သောင်းကျန်းသူပဲရှိတယ် အဲလိုမျိုး လူမဆန်တဲ့အမိန့်တွေပေးတယ်”-ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောစစ်သား

မြိတ်ခရိုင် တပ်ရင်း(၁)ထံသို့ လက်နက်နှင့်အတူ ပူးပေါင်းလာသည့် တပ်ကြပ်ကြီး ဝင်နိုင်နှင့် The Tanintharyi Times တို့၏ အင်တာဗျူးကို တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးဌာနက ယနေ့တွင် ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောစစ်သား
ပြည်သူနှင့်ပူး​ပေါင်းခဲ့​သောစစ်သား

စစ်ကောင်စီတပ်များ စစ်ဆင်ရေးသွားရောက်ရာဒေသရှိ ပြည်သူများကို သောင်းကျန်းသူများ၊ PDFများ ဖြစ်သည်ဟု ပြောပြီး လူမဆန်သည့် အမိန့်များကို စစ်ကောင်စီ အရာရှိများက ပေးနေကြောင်း ပြည်သူလူထုဘက် ကူးပြောင်းလာသည့် မြိတ်အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာချုပ် လက်အောက်ခံ ၁၀၃ ခြေလျင်တပ်ရင်းမှ တပ်ကြပ်ကြီး ဝင်းနိုင်က ကပြောသည်။

မြိတ်ခရိုင် တပ်ရင်း(၁)ထံသို့ လက်နက်နှင့်အတူ ပူးပေါင်းလာသည့် တပ်ကြပ်ကြီး ဝင်နိုင်နှင့် The Tanintharyi Times တို့၏ အင်တာဗျူးကို တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးဌာနက ယနေ့တွင် ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကို စွန့်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စစ်ကောင်စီ၏ ညွှန်ကြားချက် အမိန့်များကို မနှစ်သက်၍ ဖြစ်ကြောင်း၊ လျှောက်နေသည့်လမ်းမှားမှန်းသိ၍ မှန်သည့်လမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း CDM တပ်ကြပ်ကြီးကပြောသည်။

“အခက်ခဲတွေကတော့ အထက်အကြီးအကဲတွေပေးတဲ့အမိန့်အာဏာတွေက မတရားမမျှတတဲ့ဟာတွေပေးတယ်ပေါ့။ မျှမျှတတနဲ့လူသားဆန်ဆန်ပေးတဲ့အမိန့်မျိုးတွေမဟုတ်ဘူး။ ဒီအမိန့်အာဏာတွေက မမှန်ကန်ဘူးပေါ့။ ဘယ်လိုအမိန့်အာဏာလည်းဆိုတော့ ဒီတခွင်မှာရှိနေတဲ့သူတွေက ပြည်သူတွေဆိုတာမရှိဘူး။ သောင်းကျန်းသူပဲရှိတယ် အဲလိုမျိုး လူမဆန်တဲ့အမိန့်တွေပေးတယ်။ ကျနော်တို့တာဝန်နဲ့ခရီးထွက်ရတဲ့ နေရာတွေကို အဲလိုပြောတာ ပြည်သူဆိုတာတကယ်မရှိဘူး။ သူတို့တတွေက PDF တွေ အဲလိုမျိုးတွေပြောတယ်။ အဲဒီဖိအားတွေရှိခဲ့တယ်” ဟု တပ်ကြပ်ကြီးဝင်းနိုင်က ပြောပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်တွင် ကျန်ရှိနေသူများကိုလည်း စစ်မတိုက်ဘဲ ရသည့်နည်းဖြင့်အဆက်အသွယ်လုပ်ကာ အလင်းဝင်ရန် ၎င်းကတိုက်တွန်းခဲ့သည်။

စစ်ကောင်စီတပ်သည် နေရာဒေသ အသီးသီး၌ ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများမကြာခဏ ကျူးလွန်လေ့ရှိသည်။

အဆိုပါ တပ်ကြပ်ကြီးသည် ဇူလိုင် ၂၆ရက်တွင် PDF မြိတ်ခရိုင်တပ်ရင်း(၁)သို့ လက်နက်နှင့်တကွ ပူးပေါင်းလာခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

MA(3) တစ်လက်၊ကျည်ဘောက် ၂ခု၊ ကျည် ၃၀၀ ကျော်နှင့်အတူပြည်သူ့ဘက်ရပ်တည်လာသည့် တပ်ကြပ်ကြီးကို ကျပ်ငွေ ၄၄ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြည်သူ့ဘက်သို့ရပ်တည်ကူးပြောင်းလိုခြင်း သို့မဟုတ်တပ်တွင်း သတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုသောတပ်မတော်သားများ အနေဖြင့် နီးစပ်ရာ PDF တပ်ရင်းများ၊ စစ်ကြောင်းများ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များသို့ ဆက်သွယ်နိုင်သကဲ့သို့ ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။