Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပလိပ်မြို့မှာ မီးရထားဆရာဝန်အမျိုးသမီး ဆေးခန်းထိုင်နေချိန် ပစ်သတ်ခံရ

မနေ့ညပိုင်း ၆ နာရီခွဲဝန်းကျင်မှာတော့ ပလိပ်မြို့ ဈေးကွက်သစ်ရပ်ကွက် လျှပ်စစ်ရုံးရှေ့က ဆေးခန်းမှာ ရှိနေချိန် ဝင်ပစ်ခံရတာပါ။

ပလိပ်မြို့မှာ မီးရထားဆရာဝန်အမျိုးသမီး ဆေးခန်းထိုင်နေချိန် ပစ်သတ်ခံရ
ပလိပ်မြို့မှာ မီးရထားဆရာဝန်အမျိုးသမီး ဆေးခန်းထိုင်နေချိန် ပစ်သတ်ခံရ

မန္တလေးတိုင်း မြစ်ငယ်မြစ်ဘေးက ပလိပ်မြို့မှာ အမျိုးသမီးဆရာဝန် တစ်ဦး မနေ့ညပိုင်းက ဆေးခန်းထိုင်နေချိန်ပစ်သတ်ခံလိုက်ရပါတယ်။

ပစ်သတ်ခံရသူ ဆရာဝန်အမျိုးသမီးဟာ အသက် ၅၄ နှစ်အရွယ်ရှိပါပြီ။ ဒါအပြင်ရထားတည်ဆောက် ပြင်ဆင်ရေး အလုပ်ရုံတွေရှိရာ မြစ်ငယ်မြို့ မီးရထားဆေးရုံ ရဲ့တိုင်းဆရာဝန်ဖြစ်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

Public Service Announcement
Public Service Announcement

မနေ့ညပိုင်း ၆ နာရီခွဲဝန်းကျင်မှာတော့ ပလိပ်မြို့ ဈေးကွက်သစ်ရပ်ကွက် လျှပ်စစ်ရုံးရှေ့က ဆေးခန်းမှာ ရှိနေချိန် ဝင်ပစ်ခံရတာပါ။

အဲဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာလူငယ် ၂ဦး သေနတ်နဲ့ ဝင်ပစ်သွားတာလို့ဆိုထားတာတွေ့ရပါတယ်။

ပစ်ခတ်မှုကြောင့် လည်ပင်းကို ကျည်မှန်ပြီး ဆရာဝန်အမျိုးသမီးဟာ နေရာမှာတင် သေဆုံးသွားတယ်လို့သိရပါတယ်။