Connect with us

Hi, what are you looking for?

သတင်း

ပလိပ်မြို့မှာ မီးရထားဆရာဝန်အမျိုးသမီး ဆေးခန်းထိုင်နေချိန် ပစ်သတ်ခံရ

မနေ့ညပိုင်း ၆ နာရီခွဲဝန်းကျင်မှာတော့ ပလိပ်မြို့ ဈေးကွက်သစ်ရပ်ကွက် လျှပ်စစ်ရုံးရှေ့က ဆေးခန်းမှာ ရှိနေချိန် ဝင်ပစ်ခံရတာပါ။

ပလိပ်မြို့မှာ မီးရထားဆရာဝန်အမျိုးသမီး ဆေးခန်းထိုင်နေချိန် ပစ်သတ်ခံရ
ပလိပ်မြို့မှာ မီးရထားဆရာဝန်အမျိုးသမီး ဆေးခန်းထိုင်နေချိန် ပစ်သတ်ခံရ

မန္တလေးတိုင်း မြစ်ငယ်မြစ်ဘေးက ပလိပ်မြို့မှာ အမျိုးသမီးဆရာဝန် တစ်ဦး မနေ့ညပိုင်းက ဆေးခန်းထိုင်နေချိန်ပစ်သတ်ခံလိုက်ရပါတယ်။

ပစ်သတ်ခံရသူ ဆရာဝန်အမျိုးသမီးဟာ အသက် ၅၄ နှစ်အရွယ်ရှိပါပြီ။ ဒါအပြင်ရထားတည်ဆောက် ပြင်ဆင်ရေး အလုပ်ရုံတွေရှိရာ မြစ်ငယ်မြို့ မီးရထားဆေးရုံ ရဲ့တိုင်းဆရာဝန်ဖြစ်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

Public Service Announcement
Public Service Announcement

မနေ့ညပိုင်း ၆ နာရီခွဲဝန်းကျင်မှာတော့ ပလိပ်မြို့ ဈေးကွက်သစ်ရပ်ကွက် လျှပ်စစ်ရုံးရှေ့က ဆေးခန်းမှာ ရှိနေချိန် ဝင်ပစ်ခံရတာပါ။

အဲဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာလူငယ် ၂ဦး သေနတ်နဲ့ ဝင်ပစ်သွားတာလို့ဆိုထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် လည်ပင်းကို ကျည်မှန်ပြီး ဆရာဝန်အမျိုးသမီးဟာ နေရာမှာတင် သေဆုံးသွားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကျန်းမာရေးဌာနကဖွင့်လှစ်တဲ့ ဆရာဝန်ဖြစ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းသူ ၄၃ဦး ရှိခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။