Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် အလှအပနှင့် ကျန်းမာရေးဆိုင်၌ အမျိုးသမီးများကြိုးတုပ်ပြီး ဖုန်းများလုယူသွား

စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများ၌ မကြာခဏ ဆိုသလို လုယက်မှုများ ဖြစ်ပွားနေသည်။

(ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးယူနေသော စစ်ကောင်စီလက်ပါးစေ ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် (၁၃)ရပ်ကွက် သစ္စာလမ်းရှိ အလှအပနှင့် ကျန်းမာရေးဆေးခန်း၌ ဆိုင်ဝန်ထမ်းအမျိုးသမားများကြိုးတုပ်၍ ဖုန်းသုံးလုံး လုယက်မှု ယနေ့ (သြဂုတ် ၃) ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ နံနက် ၁၁နာရီခွဲကျော်က မျက်နှာဖုံးစွပ် လူတစ်ဦးက သစ္စာလမ်းပေါ်ရှိ The Skin Studio အလှပြင်ဆိုင်ဝန်ထမ်း အမျိုးသမားများအား သေနတ်ပြ ခြိမ်းခြောက်ပြီး ကြိုးတုတ်ကာ ဖုန်းများ လုယူသွားခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

“အလှပြင်ဆိုင်က ကောင်မလေး လေးယောက်ကို သေနတ်နဲ့ ခြိမ်းခြောက် ကြိုးတုပ်ပြီး ဖုန်းတွေ လုသွားတာပါ။ ပါးစပ်တွေကိုလည်း တိတ်နဲ့ကပ်ပြီး ပိတ်သွားသေးတယ်။ ကောင်မလေးတွေက ကြောက်နေတော့ သေချာတော့ မေးလို့ မရဘူး။ ဖုန်း သုံးလုံးပဲ ပါသွားတယ်လို့တော့ ပြောပါတယ် “ဟု ရန်ကင်းမြို့နယ်နေ ပြည်သူက ပြောသည်။

အဆိုပါ လုယက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများ၌ မကြာခဏ ဆိုသလို လုယက်မှုများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။