Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၆)နယ်မြေ ဇူလိုင်လတိုက်ပွဲများအတွင်း ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ် ၉၅ ဦးသေဆုံးဟု ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDO တို့၏စစ်ရေး ကွပ်ကဲမှုအောက်ရှိ ပူးပေါင်းစစ်ကြောင်းများမှ တော်လှန်ရေး ရဲဘော် သုံးဦးကျဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

(လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းသိမ်းတိုက်ပွဲ၌ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းသိမ်းတိုက်ပွဲ၌ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၆၆ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၁ရက်မှ ၃၁ရက်အတွင်း တိုက်ပွဲများ၌ အာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၉၅ဦးသေဆုံးခဲ့ပြီး ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး ငါးဦးအပါအဝင် ၈၉ ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDO တို့၏စစ်ရေး ကွပ်ကဲမှုအောက်ရှိ ပူးပေါင်းစစ်ကြောင်းများမှ တော်လှန်ရေး ရဲဘော် သုံးဦးကျဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

နှစ်ဖက်ပစ်ခတ်မှု တိုက်ပွဲများကြောင့် ပြည်သူ သုံးဦး သေဆုံးကာတစ်ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၆)နယ်မြေ တိုက်ပွဲများ၌ မြ၀တီမြို့နယ် လက်ခက်တောင်ဒေသ တိုက်ပွဲသည်လည်း ပြင်းထန်ခဲ့သည်။

စစ်ရေးဗျူဟာအရ အရေးပါသည့် လက်ခတ်တောင်ကို KNLA တပ်မဟာ(၆) ပူးပေါင်းတပ်က ဇူလိုင်လအတွင်း တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၀ရက်တွင် လက်ခတ်တောင်တာဝါတိုင် စခန်းကုန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သည်။ တစ်ရက်အကြာတွင် လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ပူးပေါင်းတိုက်ခိုက်မှုတွင် ပါဝင်သည့် ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

အဆိုပါဒေသ၌ တိုက်ပွဲများဆက်ရှိနေပြီး စစ်ကောင်စီတပ်က လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook