Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်ရှိ ပျူစောထီးရွာအား ပူးပေါင်းအဖွဲ့များ ခြောက်ရက်ဆက်တိုက်ခိုက်

မြိုင်(ပကဖ)အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများသည် ဇူလိုင်လကုန်ပိုင်းကလည်း မြိုင်မြို့နယ်ရှိ ယာကြီးပြင်နှင့် ပြင်ထောင်ပျူရွာများကို တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီတပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪︎အမြန်ဆုံးအလင်းဝင်ရန် သတိပေး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ သရက်ကွပျူစောထီး ကျေးရွာကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ခြောက်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ပြီး အမြန်ဆုံးအလင်းဝင်ရန် သတိပေးကြောင်း မြိုင်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

သရက်ကွရွာကို သြဂုတ် ၂ ရက်မှ ယနေ့(သြဂုတ် ၇ရက်)အထိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)တပ်ခွဲ-၁ ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ဦးဆောင်၍ အဖွဲ့ပေါင်း ၃၀ ကျော်က လက်နက်ကြီး၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် အီနာဂါဗုံးသီး ၁၀ လုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လက်ယျာက ပြောသည်။

“ကျွန်တော်တို့ ၂ ရက်နေ့ကတည်းက ပစ်နေတာ။ လက်နက်ပါရင်လက်ခံမယ်။ လက်နက်မပါရင်လက်မခံဘူးလို့ပြောထားတယ်။”ဟု ဗိုလ်လက်ယျာက ဆိုသည်။

Public Service Announcement
Public Service Announcement

ယနေ့(သြဂုတ် ၇ ရက်) နံနက် ၉နာရီခွဲခန့်ကလည်း သရက်ကွပျူရွာကို ရှော့တိုက်ဒုံးများဖြင့် လာရောက်ပစ်ခတ်သွားကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လာလာပစ်တာ ဒီကနေ့နဲ့ဆို ၆ ရက်လောက်ရှိပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးများနားချိန် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူများမှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိကြောင်း ​တော်လှန်ရေးရဲဘော်များက ပြောသည်။

ထို့အပြင် သရက်ကွပျူရွာတွင် ရိက္ခာနည်းနေပြီဟု သတင်းရထားပြီး ၂၄နာရီ နေ့ညမပြတ်စောင့်ဆိုင်းနေ၍ အမြန်ဆုံးအလင်းဝင်ရန်နှင့် စခန်းသိမ်းပိုက်ပြီးမှ လက်နက်ချအညံ့ခံမည်ကို လက်မခံကြောင်း မြိုင်(ပကဖ)အဖွဲ့က သတိပေးထားသည်။

မြိုင်(ပကဖ)အဖွဲ့နှင့် တော်လှန်ရေးအင်အားစုများသည် ဇူလိုင်လကုန်ပိုင်းကလည်း မြိုင်မြို့နယ်ရှိ ယာကြီးပြင်နှင့် ပြင်ထောင်ပျူရွာများကို တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။