Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

မျက်မြင်ပြည်သူများ၏အဆိုအရ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများအနက် လေးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးအထက်ရှိနိုင်သည်ဟု နွားထိုးကြီး PDFက ခန့်မှန်းသည်။ သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - AFP)
(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - AFP)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(သြဂုတ် ၉ ရက်) နံနက် ၈နာရီခန့်က နွားထိုးကြီးမြို့နှင့် ၁၀မိုင်ခန့်အကွာ မင်းစုံတောင်ရှောက်တောရိုးကွေ့တွင် နွားထိုးကြီးမြို့နယ်မှ မောင်းနှင်လာသော အင်အား ၄၀ကျော်ပါ စစ်ကောင်စီ ယာဥ်သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မျက်မြင်ပြည်သူများ၏အဆိုအရ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများအနက် လေးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးအထက်ရှိနိုင်သည်ဟု နွားထိုးကြီး PDFက ခန့်မှန်းသည်။ သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“နှစ်စီးကတော့ ထိခိုက်ပါတယ်။ တစ်စီးကတော့ မီးလောင်တယ်လို့ သိရပါတယ်”ဟု နွားထိုးကြီး PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူများအား စစ်ကောင်စီတပ်က လာရောက်သယ်ယူသွားသည်ဟု ဆိုသည်။

မန္တလေး – မြင်းခြံလမ်း၊ နွားထိုးကြီး – မြစ်သားလမ်း၊ နွားထိုးကြီး – တောင်သာလမ်း၊ နွားထိုးကြီး – မလှိုင်လမ်း၊ နွားထိုးကြီး – မြို့သာလမ်းတို့တွင် မိုင်းကွင်းများရှိ၍ ခရီးသွားပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် သတိပေးချက်များကို အထူးလိုက်နာကြရန် နွားထိုးကြီး PDF အဖွဲ့က သတိပေးသည်။

ပြီးခဲ့သည့် သြဂုတ် ၄ ရက်ကလည်း နွားထိုးကြီးမြို့နယ် ဖောင်ချဉ်းကျေးရွာရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။