Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ

မျက်မြင်ပြည်သူများ၏အဆိုအရ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများအနက် လေးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးအထက်ရှိနိုင်သည်ဟု နွားထိုးကြီး PDFက ခန့်မှန်းသည်။ သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - AFP)
(စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်တစ်နေရာ၌တွေ့ရသော စစ်ကောင်စီယာဉ်တန်း။ ဓာတ်ပုံ - AFP)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(သြဂုတ် ၉ ရက်) နံနက် ၈နာရီခန့်က နွားထိုးကြီးမြို့နှင့် ၁၀မိုင်ခန့်အကွာ မင်းစုံတောင်ရှောက်တောရိုးကွေ့တွင် နွားထိုးကြီးမြို့နယ်မှ မောင်းနှင်လာသော အင်အား ၄၀ကျော်ပါ စစ်ကောင်စီ ယာဥ်သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မျက်မြင်ပြည်သူများ၏အဆိုအရ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများအနက် လေးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးအထက်ရှိနိုင်သည်ဟု နွားထိုးကြီး PDFက ခန့်မှန်းသည်။ သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“နှစ်စီးကတော့ ထိခိုက်ပါတယ်။ တစ်စီးကတော့ မီးလောင်တယ်လို့ သိရပါတယ်”ဟု နွားထိုးကြီး PDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူများအား စစ်ကောင်စီတပ်က လာရောက်သယ်ယူသွားသည်ဟု ဆိုသည်။

မန္တလေး – မြင်းခြံလမ်း၊ နွားထိုးကြီး – မြစ်သားလမ်း၊ နွားထိုးကြီး – တောင်သာလမ်း၊ နွားထိုးကြီး – မလှိုင်လမ်း၊ နွားထိုးကြီး – မြို့သာလမ်းတို့တွင် မိုင်းကွင်းများရှိ၍ ခရီးသွားပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် သတိပေးချက်များကို အထူးလိုက်နာကြရန် နွားထိုးကြီး PDF အဖွဲ့က သတိပေးသည်။

ပြီးခဲ့သည့် သြဂုတ် ၄ ရက်ကလည်း နွားထိုးကြီးမြို့နယ် ဖောင်ချဉ်းကျေးရွာရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။