Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီမြို့နယ် လေးရက်ဆက်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားများသည် ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်း၊ (၁၂၀)မမ လက်နက်ကြီးများနှင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကနီမြို့နယ် လေးရက်ဆက်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ
ကနီမြို့နယ် လေးရက်ဆက်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် လေးရက်အတွင်း တိုက်ပွဲ ငါးကြိမ်ထက်မနည်းဖြစ်ပွားပြီး စစ်ကောင်စီတပ် ၁၀ဦးထက််မနည်းသေဆုံးကာ ပြည်သူ့ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

သြဂုတ် ၆ရက်က ယင်းမာပင်နှင့် ကနီမြို့နယ် ကြားတစ်နေရာတွင် အင်အား ၃ဝဝပါစစ်ကြောင်းအားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံးကာ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်အထိအခိုက်ရှိ၍ ၎င်းတို့တပ်စွဲရာ မုံရွာမြို့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)၊ ရွှေတောင်ဦးကုန်း၊ ကျောက်စစ်ပုံအမြှောက်တပ်တို့က လက်နက်ကြီးများ ပစ်ကူခဲ့သည်ဟု ဆိုသည်။

သြဂုတ် ၁၀ ရက်ကလည်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောင်းကျေးရွာတံတားအနီးတွင် နှစ်ကြိမ်၊ ကနီမြို့ပေါ်မှ ရေလယ်ကျွန်း ပျူစောထီးရွာသို့ ရိက္ခာပို့လာသော အင်အား (၆၀)ခန့်ပါ စစ်​ကောင်စီတပ်ကို ကနီမြို့နှင့် ရေလယ်ကျွန်း ပျူရွာကြားအရောက်တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ကနီမြို့ရဲစခန်းကိုလည်း နည်းပညာသုံးထားသည့် မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ပစ်ချခဲ့၍ ဒရုန်းနှစ်စီးဆုံးရှုံးခဲ့ကြောင်း ULF(မဟာမိတ်တပ်ပေါင်းစု)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားများသည် ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်း၊ (၁၂၀)မမ လက်နက်ကြီးများနှင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်၁၀ ရက်ဖြစ်စဥ်များတွင် စစ်ကောင်စီတပ် ၁၀ဦးထက်မနည်း သေဆုံးကာ KLG Columns (KLG PDF)မှ တပ်ခွဲမှူးကိုနိုင်ဝင်း လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ကြောင်း UnionLiberation Front-ULFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကနီမြို့ကနေ အင်အား ၆၀ပါ စစ်သားတွေကို မိုင်း ခြောက်လုံးကျွေးခဲ့ပြီး မီတာ ၁၀၀အကွာမှာ ကျနော်တို့တပ်ဖွဲ့တွေနဲ့ ရက်ဆိုင်ပစ်ရင်းကျတာ “ဟု အထက်ပါတာဝန်ခံက ပြောသည်။

သြဂုတ် ၁၀ရက် စစ်ဆင်ရေးများကို ULF(မဟာမိတ်တပ်ပေါင်းစု)မှ KLG စစ်ကြောင်း ၊Comrade စစ်ကြောင်းနှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၆ ရက်စစ်ဆင်ရေးကိုမူ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄၊ တပ်ခွဲ – ၃ Monywa NightKing PDF၊ Union Liberation Front-UFL တပ်ပေါင်းစု၊ MRDA တပ်ရင်း (၆)တပ်ခွဲ (၁)နှင့် အခြားဒေသတွင်းမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။