Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား PDFများက ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - The Youth Force (Saw & Kyaukhtu)
ဓာတ်ပုံ - The Youth Force (Saw & Kyaukhtu)

မကွေးတိုင်း ဆောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား ဒေသခံကာကွယ်ရေး (PDF)ဆေးတပ်ရင်းမှ ရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှုများ ယနေ့ (သြဂုတ် ၁၃ရက်) က ပြုလုပ်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုကို ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းမှ ဆေးတပ်သားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံများ စုပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်အတွင်းက စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်မှုကြောင့် ဆောမြို့နယ် စစ်ဘေးရှောင်ပြည်သူများ အများအပြားရှိနေကြောင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို ယနေ့ထိတိုင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းက ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။