Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုတ်သုံဆုတ်ခွာချိန်​စောနိုင်​သော်လည်း ကရင်၊မွန်အပါအဝင်​ဒေသငါးခုတွင်မိုး​ကောင်းပြီး​ရေကြီး​မြေပြိုမှုသတိထားရန် MOHADM သတိ​ပေး

မိုးလယ်ကာလသည် ယခုသြဂုတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လာမည့်စက်တင်ဘာလ (၁)ရက်နေ့မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တနိုင်ငံလုံးမှ ပြန်လည်ဆုတ်ခွာနိုင်သည်ဟုလည်း အသိပေးထားသည်။

(သြဂုတ်လဆန်းက ကရင်ပြည်နယ်တွင်​ရေကြီးပြီးကားလမ်း​ရေလျှံသဖြင့်ကုန်တင်ကားတစ်စီးတိမ်း​မှောက်​နေစဥ်။ ဓါတ်ပုံ-CJ)
(သြဂုတ်လဆန်းက ကရင်ပြည်နယ်တွင်​ရေကြီးပြီးကားလမ်း​ရေလျှံသဖြင့်ကုန်တင်ကားတစ်စီးတိမ်း​မှောက်​နေစဥ်။ ဓါတ်ပုံ-CJ)

အနောက်တောင် မုတ်သုံလေ မကြာမီ ဆုတ်ခွာနိုင်သော်လည်း လာမည့် တစ်ပတ်အတွင်း ကရင်နှင့် မွန်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ငါးခု၌နောက်တစ်ကြိမ် မိုးကောင်းနိုင်‌သေး၍ ရေကြီးမှုနှင့် မြေပြိုမှုဘေး ထပ်မံသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)က သတိပေးသည်။

သြဂုတ်လ ၁၄ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နောက်တစ်ကြိမ်ထပ်မံ မိုးသည်းထန်နိုင်သည်ဟု ဟု MOHADM က ထုတ်ပြန်ထားသည်။

“မိုးများမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သော ရေကြီးရေလျှံ၊ မြေပြိုဘေးများအထူးသတိထားပြင်ဆင်နေထိုင်သင့်ကြောင်း သတိပေးထားသည်။

မိုးလယ်ကာလသည် ယခုသြဂုတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်ပြီး လာမည့်စက်တင်ဘာလ (၁)ရက်နေ့မှစတင်၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တနိုင်ငံလုံးမှ ပြန်လည်ဆုတ်ခွာနိုင်သည်ဟုလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယခု​နောက်ပိုင်းနှစ်များတွင်မုတ်သုံအဝင်​နောက်ကျပြီး အထွက်​​စောလာ​နေသည်။ ယခင်က မုတ်သုံ​လေသည် ​မေလ၁၅ ရက်မှ ​စတင်ဝင်​ရောက်ပြီး အောက်တိုဘာ ဒုတိယပါတ်မှထွက်ခွာ​လေရှိ​သော်လည်း ​နောက်ပိုင်းတွင် ဇွန်လဆန်းတွင်ဝင်​ရောက်၍ စက်တင်ဘာ ၁၅ ရက်ဝန်းကျင်တွင်ထွက်ခွာ​လေ့ရှိသည်။ထို​ကြောင့် စက်တင်ဘာ ၁ရက်တွင် မုတ်သုတ်​လေ ဆုတ်ခွာသွားပါက ယခုနှစ် မုတ်သုံဆုတ်ခွာချိန် ပို​စောလာခြင်းဖြစ်သည်။

ဇူလိုင်လနှင့် ဩဂုတ်လဆန်းက မြန်မာနိုင်ငံ ဒေသအနှံအပြားတွင် မိုးကောင်းပြီးနောက် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတွင် ရေဘေးကြုံတွေ့ခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။ ယခုအခါ MOHADM က ရေဘေးထပ်မံသတိပေးထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

NMSP-AD ခေါင်းဆောင် နိုင်ဇေယျက နှစ် သစ်ကူး မိန့်ခွန်းပြောကြားရာ ယခုကဲ့သို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရှင်းပြသည်။

သတင်း

"၉၇ ကုန်းအဝင်နားက စခန်းအသေးတစ်ခုကို ကျွန်တော်တို့ တိုက်ခိုက်ခဲ့တယ်။ မြဝတီကို သူတို့လုံးပန်းနေတဲ့အချိန် ချလိုက်တာ"ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။