Connect with us

Hi, what are you looking for?

သတင်း

မြေစာပုံပြိုကျရာမှာပါသွားသူတွေထဲက ၂၅ ဦးရဲ့ ရုပ်အလောင်းများပြန်တွေ့

ဒီနေ့တစ်နေ့လုံးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ညနေ ၅ နာရီဝန်းကျင်ထိ အမျိုးသား ရုပ်အလောင်း ၂၅ လောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

မြေစာပုံပြိုကျရာမှာပါသွားသူတွေထဲက ၂၅ ဦးရဲ့ ရုပ်အလောင်းများပြန်တွေ့
မြေစာပုံပြိုကျရာမှာပါသွားသူတွေထဲက ၂၅ ဦးရဲ့ ရုပ်အလောင်းများပြန်တွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊မနရွာ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးနေသူတွေထဲက ၂၅ ဦးရဲ့ရုပ်အလောင်းကို ဒီနေ့မှာ ပြန်လည်ရှာတွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တဲ့အဖွဲ့တွေထံက သိရပါတယ်။

မြေစာပုံပြိုကျပြီး ၂ ရက်အကြာ ဒီနေ့မနက်ပိုင်းမှာ နွံ့ကန်ထဲကနေ ရုပ်အလောင်းအချို့ပြန်ပေါ်လာတာပါ။

ဒီနေ့တစ်နေ့လုံးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ညနေ ၅ နာရီဝန်းကျင်ထိ အမျိုးသား ရုပ်အလောင်း ၂၅ လောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ရှာတွေ့ခဲ့တဲ့ ရုပ်အလောင်း ၂၅ လောင်းထဲမှာ ၅ ဦးသာ ပိုင်ရှင်မဲ့ ဖြစ်နေတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

မြေစာပုံပြိုကျမှုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့သြဂုတ်လ ၁၃ ရက်ညနေပိုင်း ၃ နာရီခွဲဝန်ကျင်မှာဖြစ်ပွားတာပါ။

မြေစာပုံနဲ့အတူ နွံ့ကန်ထဲကို ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦးပါသွားတယ်လို့ လူမှုကူညီရေးအသင်းတွေက စာရင်းပြုစုထားပါတယ်။

ဒီနေ့အထိတော့ ပျောက်ဆုံးနေသူတွေထဲက ၂၅ ဦး အသက်သေဆုံးလျှက်ပြန်တွေ့ခဲ့ရတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။