Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် စစ်ကောင်စီက အတွဲလိုက်မစ်ဆိုင်းဒုံးများ အသုံးပြုတိုက်ခိုက်လာ

စစ်ကောင်စီက မယ်စဲ့မြို့ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတော နှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်။

(စစ်ကောင်စီ အမြောက်တပ်၏ အတွဲလိုက်ဒုံးပစ်ခတ်မှု အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ အမြောက်တပ်၏ အတွဲလိုက်ဒုံးပစ်ခတ်မှု အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီက အတွဲလိုက်မစ်ဆိုင်းဒုံးများအသုံးပြုတိုက်ခိုက်လာသည်ဟု ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နေပြည်တော်နှင့် နီးကပ်သည့် ကရင်နီပြည်ဒေသတွင် စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီက ၎င်းတို့၏ နောက်ဆုံးပေါ်လက်နက်များကို ယခု ရက်သတ္တပတ်ကစ၍ မြေပြင်တိုက်ပွဲများ၌ အသုံးပြုလာခြင်းဟု ဆိုသည်။

“အတွဲလိုက်ဒုံးစနစ်တွေကို ပြီးခဲ့တဲ့ ၁၃ ရက်က ဒီးမော့ဆိုတိုက်ပွဲမှာ စတွေ့ရတယ်။ပြီးတော့ မြေပြင် တပ်တွေကလည်း အရင်နဲ့မတူတဲ့ အဆင့်​​​မြင့် Jumper(ဆက်သွယ်ရေး စနစ်အားဖြတ်တောက်သည့် စက်ပစ္စည်းတွေ လည်းပါလာတယ်”ဟု ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် ယနေ့(သြဂုတ် ၁၆ ရက်)နံနက်ပိုင်းတွင် ဒီးမော့ဆို မြို့နယ်၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေကြောင့် ထိတွေ့မှုနေရာကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက မယ်စဲ့မြို့ပြန်လည်သိမ်းပိုက်နိုင်ရေး အပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတော နှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများစွာရှိနေပြီး ဖားဆောင်း၊ဒီးမော့ဆိုနှင့် ဖရူဆို တိုက်ပွဲများတွင် လက်နက်နှင့် ခဲယမ်းများစွာ ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့အတူ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ငါးဦးထက်မနည်းမှာလည်း တိုက်ပွဲများတွင် ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။