Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အရပ်သား ၇ ဦးထက်မနည်း ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူတွေအနက် ချမ်းအေးသာစံမြို့နယ်က အောင်မြန်မာ စာရေးကိရိယာ ဆိုင်ပိုင်ရှင် အသက် ၇၀ ဝန်းကျင်အမျိုးသမီးကြီးနဲ့ သမီး ၃ ဦးကိုတော့ လူကိုဖမ်းတဲ့အပြင် လုပ်ငန်း နဲ့ နေအိမ်ကိုပါ စစ်တပ်က ချိတ်ပိတ်လိုက်တာတွေ့ရပါတယ်။

အာဏာသိမ်းပြီးတစ်ရက်အကြာ မန္တလေးမှာအင်အားပြနေတဲ့ စစ်ကောင်စီယာဉ်တန်း(ပုံဟောင်း)
အာဏာသိမ်းပြီးတစ်ရက်အကြာ မန္တလေးမှာအင်အားပြနေတဲ့ စစ်ကောင်စီယာဉ်တန်း(ပုံဟောင်း)

မန္တလေးမြို့မှာ စစ်ကောင်စီကိုဆန့်ကျင်လို့ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် အရပ်သားပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ စုံစမ်းသိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ CDM ဆရာဝန်၊ ကျောင်းဆရာ နဲ့ လုပ်ငန်းရှင်အမျိုးသမီးတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၁၃ ရက်မှာ အမျိုးသမီး ၄ ဦးနဲ့ သြဂုတ် ၁၄ ရက်မှာ CDM အမျိုးသမီး ဆရာဝန်၊ ကျောင်းဆရာ တို့အပြင် သံဃာ တစ်ပါးကိုပါ စစ်တပ်က ဖမ်းဆီးလိုက်တာပါ။

CDM ဆရာဝန်အမျိုးသမီးကို ချမ်းအေးသာစံမြို့နယ် ၊အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်မှာ ဖမ်းဆီးပါတယ်။ CDM ကျောင်းဆရာ ဦးနန်းဇေယျာဦး ကိုလည်း ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းထားတဲ့ CDM ကျောင်းဆရာ ကို ဒူးထောက် လက်မြှောက်ခိုင်းထားဓာတ်ပုံတွေ လူမှုကွန်ရက်မှာ စစ်တပ်က ဖြန့်ဝေခဲ့ပါသေးတယ်။

CDM ဆရာဝန်နဲ့ ကျောင်းဆရာတို့ဖမ်းခံရတဲ့ တစ်ရက်တည်းမှာပဲ မဟာအောင်မြေမြို့နယ် ထဲက ပေါင်းလဲကျောင်းတိုက်မှာသီတင်းသုံးတဲ့ ဆရာတော် ဦးစန္ဒာဝရ လည်း ဖမ်းခံရတယ်လို့သိရပါတယ်။

ဆရာတော်ဟာ လူမှုကွန်ရက်မှာစစ်တပ်ကိုဆန့်ကျင်တာတွေရေးသားတယ်လို့ ဖမ်းဆီးတာလို့ စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်တွေက ဖော်ပြကြပါတယ်။

ဖမ်းဆီးခံရသူတွေအနက် ချမ်းအေးသာစံမြို့နယ်က အောင်မြန်မာ စာရေးကိရိယာ ဆိုင်ပိုင်ရှင် အသက် ၇၀ ဝန်းကျင်အမျိုးသမီးကြီးနဲ့ သမီး ၃ ဦးကိုတော့ လူကိုဖမ်းတဲ့အပြင် လုပ်ငန်း နဲ့ နေအိမ်ကိုပါ စစ်တပ်က ချိတ်ပိတ်လိုက်တာတွေ့ရပါတယ်။

အောင်မြန်မာ စာရေးကိရိယာ ပိုင်ရှင်နဲ့သမီးဖြစ်သူတို့ဟာ လည်း လူမှုကွန်ရက်မှာ PDF တပ်ဖွဲ့ဝင်တွေကို ထောက်ခံကြောင်းရေးသားတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာပါ။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။