Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ အရပ်သား ၇ ဦးထက်မနည်း ဖမ်းဆီးခံရ

ဖမ်းဆီးခံရသူတွေအနက် ချမ်းအေးသာစံမြို့နယ်က အောင်မြန်မာ စာရေးကိရိယာ ဆိုင်ပိုင်ရှင် အသက် ၇၀ ဝန်းကျင်အမျိုးသမီးကြီးနဲ့ သမီး ၃ ဦးကိုတော့ လူကိုဖမ်းတဲ့အပြင် လုပ်ငန်း နဲ့ နေအိမ်ကိုပါ စစ်တပ်က ချိတ်ပိတ်လိုက်တာတွေ့ရပါတယ်။

အာဏာသိမ်းပြီးတစ်ရက်အကြာ မန္တလေးမှာအင်အားပြနေတဲ့ စစ်ကောင်စီယာဉ်တန်း(ပုံဟောင်း)
အာဏာသိမ်းပြီးတစ်ရက်အကြာ မန္တလေးမှာအင်အားပြနေတဲ့ စစ်ကောင်စီယာဉ်တန်း(ပုံဟောင်း)

မန္တလေးမြို့မှာ စစ်ကောင်စီကိုဆန့်ကျင်လို့ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် အရပ်သားပြည်သူ ၇ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ စုံစမ်းသိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ CDM ဆရာဝန်၊ ကျောင်းဆရာ နဲ့ လုပ်ငန်းရှင်အမျိုးသမီးတွေ ပါဝင်ပါတယ်။

သြဂုတ်လ ၁၃ ရက်မှာ အမျိုးသမီး ၄ ဦးနဲ့ သြဂုတ် ၁၄ ရက်မှာ CDM အမျိုးသမီး ဆရာဝန်၊ ကျောင်းဆရာ တို့အပြင် သံဃာ တစ်ပါးကိုပါ စစ်တပ်က ဖမ်းဆီးလိုက်တာပါ။

CDM ဆရာဝန်အမျိုးသမီးကို ချမ်းအေးသာစံမြို့နယ် ၊အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်မှာ ဖမ်းဆီးပါတယ်။ CDM ကျောင်းဆရာ ဦးနန်းဇေယျာဦး ကိုလည်း ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းထားတဲ့ CDM ကျောင်းဆရာ ကို ဒူးထောက် လက်မြှောက်ခိုင်းထားဓာတ်ပုံတွေ လူမှုကွန်ရက်မှာ စစ်တပ်က ဖြန့်ဝေခဲ့ပါသေးတယ်။

CDM ဆရာဝန်နဲ့ ကျောင်းဆရာတို့ဖမ်းခံရတဲ့ တစ်ရက်တည်းမှာပဲ မဟာအောင်မြေမြို့နယ် ထဲက ပေါင်းလဲကျောင်းတိုက်မှာသီတင်းသုံးတဲ့ ဆရာတော် ဦးစန္ဒာဝရ လည်း ဖမ်းခံရတယ်လို့သိရပါတယ်။

ဆရာတော်ဟာ လူမှုကွန်ရက်မှာစစ်တပ်ကိုဆန့်ကျင်တာတွေရေးသားတယ်လို့ ဖမ်းဆီးတာလို့ စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်တွေက ဖော်ပြကြပါတယ်။

ဖမ်းဆီးခံရသူတွေအနက် ချမ်းအေးသာစံမြို့နယ်က အောင်မြန်မာ စာရေးကိရိယာ ဆိုင်ပိုင်ရှင် အသက် ၇၀ ဝန်းကျင်အမျိုးသမီးကြီးနဲ့ သမီး ၃ ဦးကိုတော့ လူကိုဖမ်းတဲ့အပြင် လုပ်ငန်း နဲ့ နေအိမ်ကိုပါ စစ်တပ်က ချိတ်ပိတ်လိုက်တာတွေ့ရပါတယ်။

အောင်မြန်မာ စာရေးကိရိယာ ပိုင်ရှင်နဲ့သမီးဖြစ်သူတို့ဟာ လည်း လူမှုကွန်ရက်မှာ PDF တပ်ဖွဲ့ဝင်တွေကို ထောက်ခံကြောင်းရေးသားတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာပါ။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။