Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ဘဏ် ၂ ခုရဲ့ ကန်ဒေါ်လာ ၁ သန်းကျော်ငွေစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘဏ်ပိတ်ဆို့

ပိတ်ဆို့အရေးယူပြီး သိပ်မကြာခင်မှာပဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဒါကာမြို့မှာရှိတဲ့ အမေရိကန် သံရုံးက MFTB နဲ့ MICB ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ Sonali ဘဏ်ကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ Sonali ဘဏ်ကိုတွေ့ရစဉ်

မြန်မာစစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခု အပ်နှံထားတဲ့ ဒေါ်လာ ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဘဏ်က ထုတ်ယူခွင့်မပေးတော့ဘဲ ပိတ်ဆို့လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန ဒါကာထရီဗျုးက ဖော်ပြလာပါတယ်။

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတဲ့မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ကူသန်းရောင်းဝယ်ရေးဘဏ် (MICB) ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB ) တို့နဲ့ ဆက်ဆံတာရပ်တန့်ဖို့ ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးဘက်က ဖိအားပေးပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ Sonali ဘဏ်က အကောင့်တွေပိတ်လိုက်တာပါ။

Sonali ဘဏ်ဟာ မြန်မာ − ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံကြား ကုန်သွယ်ရေး ငွေပေးချေမှုမှာ ကြားခံအဖြစ်ဆောင်ရွက်ပေးရတဲ့ဘဏ်လို့သိရပါတယ်။

အဲဒီဘဏ်မှာ မြန်မာ စစ်တပ်ရဲ့ MICB နဲ့ MFTB တို့ရဲ့ ဘဏ်စာရင်းအကောင့်ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁ သန်းကျော် ရှိနေတယ်လို့ ဒါကာထရီဗျုးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့အဲဒီငွေစာရင်းအကောင့်တွေကို ဘဏ်ဘက်က ပိတ်ဆို့ထားလိုက်ပြီဖြစ်တဲ့အတွက် ငွေတွေကို ပြန်ထုတ်တာ ၊ လွှဲပြောင်းတာမျိုး လုပ်ဆောင်လို့မရတော့ဘူးလို့ ဒါကာထရီဗျုးရဲ့ဖော်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ မြန်မာစစ်တပ်ရဲ့ MFTB ဘဏ်နဲ့ MICB ဘဏ်တို့ကိုအမေရိကန် အစိုးရက ပိတ်ဆို့အရေးယူလိုက်တာပါ။

အဲဒီဘဏ် ၂ ခု ဟာ စစ်တပ်ရဲ့ နိုင်ငံခြားငွေ စီးဆင်းရာ အဓိက ရင်းမြစ်ဖြစ်လို့ အရေးယူရတာလို့အမေရိကန်က ကြေညာခဲ့ဖူးပါတယ်။

ပိတ်ဆို့အရေးယူပြီး သိပ်မကြာခင်မှာပဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဒါကာမြို့မှာရှိတဲ့ အမေရိကန် သံရုံးက MFTB နဲ့ MICB ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့တာပါ။

ဓာတ်ပုံ − ဒါကာထရီဗျုး

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။