Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ဘဏ် ၂ ခုရဲ့ ကန်ဒေါ်လာ ၁ သန်းကျော်ငွေစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘဏ်ပိတ်ဆို့

ပိတ်ဆို့အရေးယူပြီး သိပ်မကြာခင်မှာပဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဒါကာမြို့မှာရှိတဲ့ အမေရိကန် သံရုံးက MFTB နဲ့ MICB ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ Sonali ဘဏ်ကိုတွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ Sonali ဘဏ်ကိုတွေ့ရစဉ်

မြန်မာစစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ ခု အပ်နှံထားတဲ့ ဒေါ်လာ ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်ဘဏ်က ထုတ်ယူခွင့်မပေးတော့ဘဲ ပိတ်ဆို့လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာန ဒါကာထရီဗျုးက ဖော်ပြလာပါတယ်။

စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားတဲ့မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ကူသန်းရောင်းဝယ်ရေးဘဏ် (MICB) ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB ) တို့နဲ့ ဆက်ဆံတာရပ်တန့်ဖို့ ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးဘက်က ဖိအားပေးပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ Sonali ဘဏ်က အကောင့်တွေပိတ်လိုက်တာပါ။

Sonali ဘဏ်ဟာ မြန်မာ − ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံကြား ကုန်သွယ်ရေး ငွေပေးချေမှုမှာ ကြားခံအဖြစ်ဆောင်ရွက်ပေးရတဲ့ဘဏ်လို့သိရပါတယ်။

အဲဒီဘဏ်မှာ မြန်မာ စစ်တပ်ရဲ့ MICB နဲ့ MFTB တို့ရဲ့ ဘဏ်စာရင်းအကောင့်ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁ သန်းကျော် ရှိနေတယ်လို့ ဒါကာထရီဗျုးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့အဲဒီငွေစာရင်းအကောင့်တွေကို ဘဏ်ဘက်က ပိတ်ဆို့ထားလိုက်ပြီဖြစ်တဲ့အတွက် ငွေတွေကို ပြန်ထုတ်တာ ၊ လွှဲပြောင်းတာမျိုး လုပ်ဆောင်လို့မရတော့ဘူးလို့ ဒါကာထရီဗျုးရဲ့ဖော်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ မြန်မာစစ်တပ်ရဲ့ MFTB ဘဏ်နဲ့ MICB ဘဏ်တို့ကိုအမေရိကန် အစိုးရက ပိတ်ဆို့အရေးယူလိုက်တာပါ။

အဲဒီဘဏ် ၂ ခု ဟာ စစ်တပ်ရဲ့ နိုင်ငံခြားငွေ စီးဆင်းရာ အဓိက ရင်းမြစ်ဖြစ်လို့ အရေးယူရတာလို့အမေရိကန်က ကြေညာခဲ့ဖူးပါတယ်။

ပိတ်ဆို့အရေးယူပြီး သိပ်မကြာခင်မှာပဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဒါကာမြို့မှာရှိတဲ့ အမေရိကန် သံရုံးက MFTB နဲ့ MICB ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့တာပါ။

ဓာတ်ပုံ − ဒါကာထရီဗျုး

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။