Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာအရေး ပြန်လည် အာရုံစိုက်ပြီး မြန်မာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူတွေတောင်းဆို

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ အနောက်ဖက်ဖျားမှာ နယ်မြေရှင်းလင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

(ဘဂ်လား​ဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ​စစ်တပ်အကြမ်းဖက်မှု​ကြောင့် နေရပ်စွန့်ခွာလာတာ ၅ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတက်​ရောက်လာသူ​​တွေ။ ဓါတ်ပုံ-ရိုက်တာ)
(ဘဂ်လား​ဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ ​စစ်တပ်အကြမ်းဖက်မှု​ကြောင့် နေရပ်စွန့်ခွာလာတာ ၅ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတက်​ရောက်လာသူ​​တွေ။ ဓါတ်ပုံ-ရိုက်တာ)

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပိုမို ဖိအားပေး ဆောင်ရွက်ဖို့၊ နေရပ်ရွှေ့ပြောင်းခဲ့ရတဲ့ ရိုဟင်ဂျာတွေ လုံလုံခြုံခြုံနဲ့ အတည်တကျ နေရပ်ပြန်နိုင်ရေးကိစ္စ ပြန်လည် အားစိုက် တောင်းဆိုပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ အနောက်ဖက်ဖျားမှာ နယ်မြေရှင်းလင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။

အခုလ အစောပိုင်းမှာတော့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပိုမို အာရုံစိုက် ကိုင်တွယ်သွားမယ့် သဘောတူ ဆုံးဖြတ်ချက် အသစ်တစ်ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားသူတွေကလည်း ရိုဟင်ဂျာတွေ ဆန္ဒအလျောက် ဘေးကင်းကင်း၊ သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီး နေပြည်တော် အခြေစိုက် စစ်ဗိုလ်ချုပ်တွေကို ပိုမို ဖိအားပေးကြဖို့ နိုင်ငံတကာကို တောင်းဆိုလာကြပါတယ်။

ယုံကြည်စိတ်ချရတဲ့ အခြေအနေမျိုးနဲ့ နေရပ်ပြန်ရေးကိစ္စ အကောင်အထည် ပေါ်လာဖို့ဆိုရင် မြန်မာ (စစ်ကောင်စီ) အစိုးရကို နိုင်ငံတကာ အသိုက်အဝန်းက ဘက်ပေါင်းစုံကနေ ဖိအားပေးနေဖို့ လိုမှာဖြစ်ကြောင်း ကော့စ်ဘဇားမှာ ရှိနေတဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ မိုဟာမက် ရီဇူဝမ်ခန်းက Arab News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေက နေရပ်ပြန်ဖို့ လိုလားနေကြကြောင်း၊ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အလေးအနက် စဉ်းစားရမှာဖြစ်ပြီး လောလောဆယ် အနေအထားမျိုးမှာ ပြန်သွားရင်တော့ စစ်တပ်ဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်မှုတွေ ထပ်လုပ်ဦးမှာ သေချာကြောင်း ခန်းက ဆိုပါတယ်။

ခန်းဟာ ဒုက္ခသည် စခန်းတွေထဲမှာ ဆင်းရဲကျပ်တည်းစွာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ထဲက ၁ ယောက် ဖြစ်ပါတယ်။ ကော့စ်ဘဇားမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ အသိုက်အဝန်းဟာ ခိုင်မာသေချာတဲ့ အနာဂတ် အာမခံချက်မျိုးတွေကို မျှော်လင့်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

တကယ်လို့ ကော့စ်ဘဇားမှာပဲ အချိန်အကြာကြီး ဆက်နေရမယ်ဆိုရင် ရိုဟင်ဂျာ မျိုးဆက်တစ်ခု ပျောက်ဆုံးသွားနိုင်တယ်လို့လည်း ခန်းက ဆိုပါတယ်။ ကော့စ်ဘဇားက ရိုဟင်ဂျာတွေအပြင် မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေကလည်း သူတို့ရဲ့ ဘဝတွေ လုံခြုံ စိတ်ချရတဲ့ ခံစားချက်မျိုး ရှိမနေဘူးလို့ ခန်းက မှတ်ချက်ပေးသွားပါတယ်။

အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရတာကြောင့် ရိုဟင်ဂျာတွေက ပင်လယ်ပြင်မှာ လှေငယ်လေးတွေနဲ့ စွန့်စားထွက်ခွာပြီး မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေဆီ ခရီးနှင်ဖို့ ကြိုးစားတဲ့ ဖြစ်စဉ်တွေလည်း ပိုများလာပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၃၅၀၀ ကျော်ဟာ အန္တရာယ် များလှတဲ့ ပင်လယ်ပြင် ခရီးကို စွန့်စား ရွေးချယ်ခဲ့ကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ကော့စ်ဘဇား အခြေစိုက် ရခိုင်ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုဟာမက် ဂျူဘေရာကလည်း ရိုဟင်ဂျာတွေ ပြန်လည်ရွှေ့ပြောင်း အခြေချမှုမှာ ဘေးကင်းဖို့၊ ဂုဏ်သိက္ခာရှိရှိ ဖြစ်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းဆီက လိုလိုလားလား တာဝန်ယူမှုတွေ လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေတင် မကဘဲ မြန်မာနိုင်ငံမှာ ခွဲခြားနှိမ့်ချ ဖိနှိပ် ဆက်ဆံခံနေရတဲ့ တခြား လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုတွေကိုလည်း ကာကွယ်ပေးဖို့ လိုတယ်လို့ ဂျူဘေရာက ထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ သဘောတူ ဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ဒုက္ခသည် စခန်းတွေဆီကို အစ္စလာမ် နိုင်ငံများ အစည်းအရုံး (OIC)ရဲ့ အတွင်းရေးမှူးချုပ် ဟစ်စိန် ဘရာဟင် တာဟာ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ရှေ့နေချုပ် ကာရင်မ်ခန်းတို့လို အရေးပါသူတချို့ သွားရောက်ခဲ့တဲ့ နောက်ပိုင်းမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။