Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်

ယနေ့ အခမ်းအနားတွင် တပ်နှင့်ရဲ CDM သူရဲကောင်း ၁၆ဦးအတွက် တစ်ဦးလျင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်
ကြာအင်းဆိပ်ကြီးတွင် တပ်နှင့် ရဲCDMများကို ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ တပ်နှင့်ရဲ CDM များကို ထောက်ပံ့မှုထပ်မံပြုလုပ်ခဲ့ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၁၇ရက်) နေ့လယ်က ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်မြောက်နယ်မြေတွင် ထောက်ပံ့ငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယနေ့ အခမ်းအနားတွင် တပ်နှင့်ရဲ CDM သူရဲကောင်း ၁၆ဦးအတွက် တစ်ဦးလျင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။

ထိုသို့ တပ်နှင့် ရဲCDMများကိုထောက်ပံ့ငွေ ပေးအပ်မှု ယခင်ကလည်းပြုလုပ်ခဲ့ရာ ခြောက်ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါထောက်ပံ့ငွေများကို ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီမှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။