Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးရဲ့နာမည်ကြီး မင်္ဂလာဆေးရုံ ယာယီပိတ်ဖို့ စစ်ကောင်စီဖိအားပေး

မန္တလေးမှာ ပုဂ္ဂလိကဆေးရုံတွေအပြင် ဆေးခန်းတွေကိုပါ ချိတ်ပိတ်တာမျိုး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လုပ်ပြထားပါတယ်။

မန္တလေးရဲ့နာမည်ကြီး မင်္ဂလာဆေးရုံ ယာယီပိတ်ဖို့ စစ်ကောင်စီဖိအားပေး
မန္တလေးရဲ့နာမည်ကြီး မင်္ဂလာဆေးရုံ ယာယီပိတ်ဖို့ စစ်ကောင်စီဖိအားပေး

CDM အထူးကုဆရာဝန် ၂ ဦး ဖမ်းဆီးခံရပြီးနောက် မန္တလေးမြို့ ရဲ့နာမည်ကြီး ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ မင်္ဂလာဆေးရုံကို လာမယ့်သောကြာနေ့ ကစတင်ပြီး ၃ လပိတ်ထားဖို့ စစ်ကောင်စီဘက်ကဖိအားပေးလာတယ်လို့ သိရပါတယ်။

လက်ရှိ မင်္ဂလာဆေးရုံမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ ရှိနေတာမဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ကဆရာဝန် ၂ ဦးဖမ်းခံရတာနဲ့ဆက်စပ်ပြီး နောက်ကြောင်းပြန်အရေးယူတာလို့ မန္တလေးမြို့ CDM ဆရာဝန်တစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကဖမ်းဆီးခံရတဲ့ CDM အထူးကုဆရာဝန် ၂ဦးဟာ ကလေးအထူးကုနဲ့ ကင်ဆာအထူးကု ဆရာဝန်တွေဖြစ်တယ်လို့ သိရပါတယ်။

“back dateနဲ့ပြန်လုပ်တဲ့သဘောပေါ့”လို့ ဆေးရုံ ကို စစ်ကောင်စီဘက်က ဖိအားပေးတာနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံ CDM ဆရာဝန်သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မင်္ဂလာဆေးရုံ မတိုင်ခင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း မန္တလေးမြို့ရဲ့ နာမည်ကြီးဆေးရုံတွေဖြစ်တဲ့ ကံကော်၊ နန်းတော် ၊မြို့တော် ၊ ထက်နေလင်းနဲ့စိန်ပန်း ဆေးရုံတွေ ပိတ်ခံရပါသေးတယ်။

အဲဒီဆေးရုံတွေ ဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖိအားပေး ပိတ်ခိုင်းခဲ့တာပါ။

မန္တလေးမှာ ပုဂ္ဂလိကဆေးရုံတွေအပြင် ဆေးခန်းတွေကိုပါ ချိတ်ပိတ်တာမျိုး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လုပ်ပြထားပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။