Connect with us

Hi, what are you looking for?

သတင်း

မန္တလေးရဲ့နာမည်ကြီး မင်္ဂလာဆေးရုံ ယာယီပိတ်ဖို့ စစ်ကောင်စီဖိအားပေး

မန္တလေးမှာ ပုဂ္ဂလိကဆေးရုံတွေအပြင် ဆေးခန်းတွေကိုပါ ချိတ်ပိတ်တာမျိုး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လုပ်ပြထားပါတယ်။

မန္တလေးရဲ့နာမည်ကြီး မင်္ဂလာဆေးရုံ ယာယီပိတ်ဖို့ စစ်ကောင်စီဖိအားပေး
မန္တလေးရဲ့နာမည်ကြီး မင်္ဂလာဆေးရုံ ယာယီပိတ်ဖို့ စစ်ကောင်စီဖိအားပေး

CDM အထူးကုဆရာဝန် ၂ ဦး ဖမ်းဆီးခံရပြီးနောက် မန္တလေးမြို့ ရဲ့နာမည်ကြီး ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ မင်္ဂလာဆေးရုံကို လာမယ့်သောကြာနေ့ ကစတင်ပြီး ၃ လပိတ်ထားဖို့ စစ်ကောင်စီဘက်ကဖိအားပေးလာတယ်လို့ သိရပါတယ်။

လက်ရှိ မင်္ဂလာဆေးရုံမှာ CDM ကျန်းမာရေးဝန်ထမ်းတွေ ရှိနေတာမဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ကဆရာဝန် ၂ ဦးဖမ်းခံရတာနဲ့ဆက်စပ်ပြီး နောက်ကြောင်းပြန်အရေးယူတာလို့ မန္တလေးမြို့ CDM ဆရာဝန်တစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကဖမ်းဆီးခံရတဲ့ CDM အထူးကုဆရာဝန် ၂ဦးဟာ ကလေးအထူးကုနဲ့ ကင်ဆာအထူးကု ဆရာဝန်တွေဖြစ်တယ်လို့ သိရပါတယ်။

“back dateနဲ့ပြန်လုပ်တဲ့သဘောပေါ့”လို့ ဆေးရုံ ကို စစ်ကောင်စီဘက်က ဖိအားပေးတာနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံ CDM ဆရာဝန်သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မင်္ဂလာဆေးရုံ မတိုင်ခင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း မန္တလေးမြို့ရဲ့ နာမည်ကြီးဆေးရုံတွေဖြစ်တဲ့ ကံကော်၊ နန်းတော် ၊မြို့တော် ၊ ထက်နေလင်းနဲ့စိန်ပန်း ဆေးရုံတွေ ပိတ်ခံရပါသေးတယ်။

အဲဒီဆေးရုံတွေ ဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ခန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖိအားပေး ပိတ်ခိုင်းခဲ့တာပါ။

မန္တလေးမှာ ပုဂ္ဂလိကဆေးရုံတွေအပြင် ဆေးခန်းတွေကိုပါ ချိတ်ပိတ်တာမျိုး အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လုပ်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။