Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီချိတ်ပိတ်

ကျောင်း ချိတ်ပိတ်လိုက်တဲ့ ဓာတ်ပုံတွေနဲ့အတူ ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးရမိတဲ့ ပုံတွေ လည်း စစ်ကောင်စီ ကလူမှုကွန်ရက်မှာဖြန့်ဝေထားတာတွေ့ရပါတယ်။

မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီချိတ်ပိတ်
မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီချိတ်ပိတ်

မန္တလေးမြို့ မှာ လူသိများတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း ရဲ့တည်ထောင်သူ ဖမ်းခံရပြီးနောက် ကျောင်းကိုလည်း မနေ့ သြဂုတ် ၁၆ ရက်မှာ စစ်ကောင်စီက ချိတ်ပိတ်လိုက်ပါတယ်။

ချိတ်ပိတ်ခံရတဲ့ကျောင်းဟာ မဟာအောင်မြေမြို့နယ်ထဲက Golden Gate ပုဂ္ဂလိက ကျောင်းဖြစ် စုံစမ်းသိရပါတယ်။

မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီချိတ်ပိတ်
မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီချိတ်ပိတ်

အဲဒီကျောင်းတည်ထောင်သူဟာ NUG ၊ PDF ကို ထောက်ပံံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ရဲ့အဖမ်းခံရသလို ပိုင်ဆိုင်မှုပါ ချိတ်ပိတ်ခံရတာပါ။

ကျောင်း ချိတ်ပိတ်လိုက်တဲ့ ဓာတ်ပုံတွေနဲ့အတူ ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးရမိတဲ့ ပုံတွေ လည်း စစ်ကောင်စီ ကလူမှုကွန်ရက်မှာဖြန့်ဝေထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းတည်ထောင်သူနဲ့အတူ ဆရာ ၊ဆရာမအချို့ ဖမ်းဆီးခံရတာကိုကြားသိရပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီချိတ်ပိတ်
မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီချိတ်ပိတ်

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချမ်းအေးသာစံမြို့နယ် ၊မြို့လယ်ခေါင်က စာရေးကိရိယာ ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် အမျိုးသမီးကြီးနဲ့ သမီး ၃ ဦးကို PDF ထောက်ခံအားပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူတွေကိုဖမ်းပြီး ဆိုင်ကိုပါ စစ်ကောင်စီတပ်က ချိတ်ပိတ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။