Connect with us

Hi, what are you looking for?

သတင်း

UNOCHA အကြီးအကဲက အာဏာသိမ်း​ခေါင်း​ဆောင်နှင့်တွေ့ဆုံပြီး​နောက် NUG နှင့်​အွန်လိုင်းမှတွေ့ဆုံ

စစ်ကောင်စီသည် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များကို အလွဲသုံးစားလုပ်ရန် အမြဲစဥ်းစားနေသည်ကို သတိပြုရန်လိုအပ်ကြောင်းတို့ကို ဝန်ကြီးများက UNOCHA အကြီးအကဲကို အလေးထား ပြောကြားခဲ့သည်ဟု ဆိုသည်။

(ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA) အကြီးအကဲမစ္စတာမာတင်ဂရစ်ဖစ်။ ဓါတ်ပုံ-Getty Images)
(ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA) အကြီးအကဲမစ္စတာမာတင်ဂရစ်ဖစ်။ ဓါတ်ပုံ-Getty Images)

ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာပြည်သူလူထုထံ လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာပေးပို့နိုင်ရေးအတွက် စစ်ကောင်စီနှင့်သာ ဆက်ဆံမှုမပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

သြဂုတ် ၁၅ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ထံသို့သွားရောက်တွေ့ဆုံခဲ့သော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA) အကြီးအကဲ မစ္စတာ မာတင်ဂရစ်ဖစ်သည် သြဂုတ် ၂၁ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အွန်လိုင်းမှ တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံမှုအပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ UN အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနှင့်သာ ဆက်ဆံမှုပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ မြေပြင်ရှိ အရပ်ဖက်လူ့အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံသည့် တန်းတူညီမျှမှုရှိသည့် ဆက်ဆံရေးအား ကျင့်သုံးသွားရန် လိုအပ်ကြောင်းကို NUG ဝန်ကြီးများက အလေးထား တိုက်တွန်းပြောကြားခဲ့သည်ဟု ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ကြိုးကိုင်ပြီး လက်နက်သဖွယ် အသုံးချနေမှုကိုUNအဖွဲ့အစည်းများကထောက်ကူပေးနေပြီး မြန်မာပြည်သူလူထုသည် စစ်ကောင်စီ၏ ဖန်တရာတေနေသည့် လိမ်စဉ်များကို ကောင်းစွာနားလည်သဘောပေါက်ကြကြောင်း၊ စစ်ကောင်စီသည် ၎င်းတို့ တရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဥ်များကို အလွဲသုံးစားလုပ်ရန် အမြဲစဥ်းစားနေသည်ကို သတိပြုရန်လိုအပ်ကြောင်းတို့ကို ဝန်ကြီးများက UNOCHA အကြီးအကဲကို အလေးထား ပြောကြားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ လူဦးရေ ၁၈သန်းနီးပါး (လူဦးရေစုစုပေါင်းရဲ့ သုံးပုံတစ်ပုံ)မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေသူများဖြစ်ပြီး ဖြစ်ပွားဆဲ ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ၊ ရန်ပုံငွေလိုအပ်ချက်များနှင့် ဝင်ရောက်ကူညီနိုင်ခွင့်အကန့်အသတ်တွေရှိနေသည့်ကြားမှ လူမှုကရုဏာလုပ်သားများသည် ယခုနှစ် လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းမှ အကူအညီလိုအပ်နေသူ ၁ ဒသမ ၈ သန်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရှိ UN OCHA က ဆိုသည်။

ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ပြီး ယင်းအနက် လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ အထက်ပါ ကိန်းဂဏန်းမှာ မြေပြင်ရှိ နေရပ်စွန့်ခွာထွက်ပြေးနေကြရသူများ အရေအတွက်နှင့် များစွာကွာဟနေပြီး ကုလသမဂ္ဂ၏ စာရင်းသည် များစွာလျော့နည်းနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။