ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ကျေးရွာများအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော ကြောင့် သုံးပတ်အတွင်းပြည်သူလူထုနေအိမ် ၁၂၀ကျော်ခန့်မီးလောင်ပျက်စီးခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်သည်။
ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်၌ ဩဂုတ် ၉ရက် နံနက်တွင်အာဏာသိမ်း စစ်ကောင်စီတပ်၏ ခမရ(၅)မှ အင်အား ၈၀ခန့်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၈)နှင့် လက်အောက်ခံပူးပေါင်းတပ်များအကြား အောက်ကြာအင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ခမရ(၅) တပ် များသည် အောက်ကြာအင်းကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီး နေအိမ်၂၆လုံး မီးရှို့ဖျက်စီးခဲ့သည်ဟု ဖော်ပြသည်။

ဇူလိုင် ၁၈ရက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်များသည် အိမ်ခြေ ၁၅၀နီးပါးရှိသည့် နောင်ကုန်းကျေးရွာမှ နေအိမ် ၂၇လုံး၊ စပါးကျီ ၁၆ လုံး၊ တဲ ၁၁လုံးနှင့် အခြားအရာများကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း KNU က ထုတ်ပြန်သည်။
KNU လယ်ဒိုမြို့နယ်၌လည်း ဇူလိုင်ရ၁၉ရက်ကအာဏာသိမ်း စစ်ကောင်စီတပ်၏ ခလရ-၂၆၄၊ ခမရ-၃၀၇၊ ခမရ-၄၃၉၊ ခမရ-၃၅၀၊ ပျူစောထီးနှင့် ရဲတပ်ဖွဲ့များ စသည့် ပူးပေါင်းတပ်များနှင့် KNLA ပူးပေါင်းတပ်တို့ နံဇကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နံဇကျေးရွာ ရှိနေအိမ်အလုံး ၂၀ခန့်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

ဩဂုတ်ပထမပတ်တွင်လည်း နံဇကျေးရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီက နံဇကျေးရွာရှိ နေအိမ် ၆၈လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း KNUက အသိပေးသည်။
စစ်ကောင်စီတပ်သည် KNU နယ်မြေတွင်သာမက အခြားဒေသများ၌လည်း တိုက်ပွဲဖြစ်သည့် နေရာ အနီးရှိ ရွာများကို မီးရှို့ဖျက်ဆီးမှုပြုလုပ်လေ့ ရှိသည့်အပြင် ပြည့်သူ့နေအိမ်များအကို အကြောင်းမဲ့ မီးရှို့မှုများလုပ်ဆောင်လေ့ရှိသည်။


















































