Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်လေးပင်ခရိုင််တွင် သုံးပတ်အတွင်း ပြည်သူလူထုနေအိမ် ၁၂၀ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ဟု KNU အသိပေး

စစ်ကောင်စီတပ်သည် KNU နယ်မြေတွင်သာမက အခြားဒေသများ၌လည်း တိုက်ပွဲဖြစ်သည့် နေရာ အနီးရှိ ​ရွာများကို မီးရှို့ဖျက်ဆီးမှုပြုလုပ်လေ့ ရှိသည့်အပြင် ပြည့်သူ့နေအိမ်များအကို အကြောင်းမဲ့ မီးရှို့မှုများလုပ်ဆောင်လေ့ရှိသည်။

(ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ရှိ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ရှိ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ကျေးရွာများအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော ကြောင့် သုံးပတ်အတွင်းပြည်သူလူထုနေအိမ် ၁၂၀ကျော်ခန့်မီးလောင်ပျက်စီးခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ မူး(မုန်း)မြို့နယ်၌ ဩဂုတ် ၉ရက် နံနက်တွင်အာဏာသိမ်း စစ်ကောင်စီတပ်၏ ခမရ(၅)မှ အင်အား ၈၀ခန့်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၈)နှင့် လက်အောက်ခံပူးပေါင်းတပ်များအကြား အောက်ကြာအင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ခမရ(၅) တပ် များသည် အောက်ကြာအင်းကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီး နေအိမ်၂၆လုံး မီးရှို့ဖျက်စီးခဲ့သည်ဟု ဖော်ပြသည်။

(ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ရှိ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ရှိ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ဇူလိုင် ၁၈ရက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်များသည် အိမ်ခြေ ၁၅၀နီးပါးရှိသည့် နောင်ကုန်းကျေးရွာမှ နေအိမ် ၂၇လုံး၊ စပါးကျီ ၁၆ လုံး၊ တဲ ၁၁လုံးနှင့် အခြားအရာများကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း KNU က ထုတ်ပြန်သည်။

KNU လယ်ဒိုမြို့နယ်၌လည်း ဇူလိုင်ရ၁၉ရက်ကအာဏာသိမ်း စစ်ကောင်စီတပ်၏ ခလရ-၂၆၄၊ ခမရ-၃၀၇၊ ခမရ-၄၃၉၊ ခမရ-၃၅၀၊ ပျူစောထီးနှင့် ရဲတပ်ဖွဲ့များ စသည့် ပူးပေါင်းတပ်များနှင့် KNLA ပူးပေါင်းတပ်တို့ နံဇကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နံဇကျေးရွာ ရှိနေအိမ်အလုံး ၂၀ခန့်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ရှိ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)ရှိ နေအိမ်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – KNU)

ဩဂုတ်ပထမပတ်တွင်လည်း နံဇကျေးရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီက နံဇကျေးရွာရှိ နေအိမ် ၆၈လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း KNUက အသိပေးသည်။

စစ်ကောင်စီတပ်သည် KNU နယ်မြေတွင်သာမက အခြားဒေသများ၌လည်း တိုက်ပွဲဖြစ်သည့် နေရာ အနီးရှိ ​ရွာများကို မီးရှို့ဖျက်ဆီးမှုပြုလုပ်လေ့ ရှိသည့်အပြင် ပြည့်သူ့နေအိမ်များအကို အကြောင်းမဲ့ မီးရှို့မှုများလုပ်ဆောင်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။