Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း၌ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်သုံးဦးထိမှန်ဒဏ်ရာရ

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊ (၉)နှစ်အရွယ်နှင့် (၈)နှစ်အရွယ် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အသိပေးသည်။

(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယန့ ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာအား စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ သြဂုတ် ၂၃ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ – KNDF)

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊ (၉)နှစ်အရွယ်နှင့် (၈)နှစ်အရွယ် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“အဓိကတော့ သူတို့ တပ်စွဲထားတဲ့နေရာနဲ့ နီးစပ်ရာက ပြည်သူတွေကို ရန်သူအဖြစ်သတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာပေါ့။နောက်ပြီး မနေ့က ညပိုင်းကလည်း ဒီးမော့ဆို က လူနေကျေးရွာကို ည ၁၀ နာရီလောက် လေယာဥ် နဲ့စစ်ကောင်စီက ဗုံးကြဲသွားခဲ့တယ်။အဲဒီမှာတော့ လူထိခိုက်မှုမရှိခဲ့ဘူး”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ – KNDF)

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ စစ်ကောင်စီက မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျှက်ရှိကြောင်းလည်း KNDFက ဖော်ပြသည်။

မကြာသေးမီရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် တနီးလာလဲ​ကျေးရွာရှိ လူနေအိမ်နှင့် ဖရူဆို မြို့ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား ဗုံးကြဲ၍ ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။