Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း၌ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ကလေးငယ်သုံးဦးထိမှန်ဒဏ်ရာရ

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊ (၉)နှစ်အရွယ်နှင့် (၈)နှစ်အရွယ် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အသိပေးသည်။

(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယန့ ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာအား စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ သြဂုတ် ၂၃ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။

(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ – KNDF)

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊ (၉)နှစ်အရွယ်နှင့် (၈)နှစ်အရွယ် ကလေးငယ်သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“အဓိကတော့ သူတို့ တပ်စွဲထားတဲ့နေရာနဲ့ နီးစပ်ရာက ပြည်သူတွေကို ရန်သူအဖြစ်သတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာပေါ့။နောက်ပြီး မနေ့က ညပိုင်းကလည်း ဒီးမော့ဆို က လူနေကျေးရွာကို ည ၁၀ နာရီလောက် လေယာဥ် နဲ့စစ်ကောင်စီက ဗုံးကြဲသွားခဲ့တယ်။အဲဒီမှာတော့ လူထိခိုက်မှုမရှိခဲ့ဘူး”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ - KNDF)
(စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် ကျဉ်အပိုင်းအစများ။ဓာတ်ပုံ – KNDF)

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ စစ်ကောင်စီက မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျှက်ရှိကြောင်းလည်း KNDFက ဖော်ပြသည်။

မကြာသေးမီရက်ပိုင်းကလည်း ဒီးမော့ဆိုမြို့နယ် တနီးလာလဲ​ကျေးရွာရှိ လူနေအိမ်နှင့် ဖရူဆို မြို့ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား ဗုံးကြဲ၍ ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook