Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆို မြို့နယ်မှ စစ်စခန်း နှစ်ခုကို ကရင်နီပူး​ပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများကိုမူ မြေပြင် စာရင်းကို စိစစ်နေဆဲဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

ဒီး​မော့ဆို မြို့နယ်မှ စစ်စခန်း နှစ်ခုကို ကရင်နီပူး​ပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်
ဒီး​မော့ဆို - ဖရူဆိုလမ်းတွင် သြဂုတ်လလယ်ကတိုက်ပွဲများတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းအချို့။ ဓါတ်ပုံ- ဒီး​မော့ဆို PDF

ရဲခေါင်/People’s Spring

ဒီးမော့ဆိုမြို့နယ် ရှိ စစ်ကောင်စီစခန်းနှစ်ခုကို စက်တင်ဘာ ၂ရက်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အင်အား ၅၀ ထက်မနည်းရှိသော စစ်ကောင်စီ စခန်းနှစ်ခုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပူးပေါင်း တိုက်ခိုက်ခြင်းဟု သိရသည်။

“သေးဆူလဲ၊ပူဖားက စကစ စခန်းနှစ်ခုကို ဒီမနက်သိမ်း လိုက်တယ်။ လက်နက်ခဲယမ်းတွေရတယ်။ မြေပြင် ရှင်းလင်းရေးပြီးမှ ကျန်တာ အသေးစိတ် ထုတ်ပြန်ပါ့မယ်”ဟု အထက်ပါတာဝန်ရှိသူက People’s Spring သို့​ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ နံနက် ၄ နာရီ​ကျော်ကစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် လေးကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လွိုင်ကော် အခြေ စိုက်တပ်များက လက်နက်ကြီး ပစ်ကူများစွာပစ်ကူ​ပေးခဲ့သည့်ကြားမှ ကရင်နီ ပူး​ပေါင်းတပ်များက စခန်းနှစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများကိုမူ မြေပြင် စာရင်းကို စိစစ်နေဆဲဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

Public Service Announcement
Public Service Announcement

“စခ စခန်းတွေကို သိမ်းပြီ ဆိုကတည်းက ထိခိုက် ကျဆုံးမှုတွေတော့ရှိတယ်။နည်းပါတယ်။သူတို့ဆီက လက်နက်နဲ့ အလောင်းတွေရတာရှိတယ်။အဲဒါတော့ တပ်တွင်းစည်းအရ သူတို့ ထုတ်ပြန်ပါလိမ့်မယ်”ဟု ၎င်းကဆက် ပြောသည်။

စစ်ကောင်စီတပ်စွဲထားခဲ့သည့်ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများကို ၂၀၂၂ နိုဝင်ဘာ လနောက်ဆုံးပတ်က ကရင်နီတပ်ပေါင်းစုက ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲခဲ့ဖူးသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များသည် ၄င်းတို့ တပ်စွဲထားသော ကျေးရွာများမှ ဆုတ်ခွာခဲ့ရသည်။

သို့သော် လက်နက်ကြီးပစ်ကူအပါအဝင် လေကြောင်း တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီက ကုန်းသာ၊သေဆူးလဲ၊ပူဖား ဒေသတစ်ဝိုက်ကို ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်တပ်စွဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ