Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာနေရာငါးခုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာနေရာငါးခုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
မြိုင်မြို့ပေါ်သို့ ဝင်ရောက်တိုက်ခိုက်နေသော ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်

ဖမ်းမိခဲ့သည့် Non CDMဆရာ၊ ဆရာမ ၉ဦး ခံဝန်ဖြင့် ပြန်လွှတ်ပေး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲရာ နေရာ ငါးခုကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်မှုများရှိပြီး ဖမ်းဆီးမိသည့် Non CDM ဆရာ၊ ဆရာမ ၉ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ကိုကျောက်တိုင်က ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၂ရက်)နံနက် ၈နာရီခန့်က မြိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော မြိုင် – ဗဟင်းလမ်းအထွက် ကိုးဆောင်ကျောင်းဂိတ်၊ ဘူတာရုံ၊ ထွေအုပ်ရုံးနှင့်ရဲစခန်းတို့အားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး လက်နက်ကိုင်တင်မောင်သန်း နေအိမ်အားလည်းကောင်း တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

တိုက်ခိုက်ချိန် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ရဲဘော်များက အသာစီးပစ်ခတ်နိုင်ခဲ့၍ စစ်အုပ်စုအထိအခိုက်များနိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား ဝင်ရောက်ပစ်ခတ်ရာ ထွက်ပြေးသွား၍ နေအိမ်အားဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

“ဒရုန်းမပါဘူး။ လက်နက်ငယ်တွေနဲ့ပဲ တိုက်တာ။ နေရာတွေကိုအကုန်လုံးဖြန့်ပြီး အချိန်ကိုက်ဖြန့်ပြီးဝင်တိုက်တာ။ ပခုက္ကူဘက်ကလာတဲ့စစ်ကြောင်းက ရိက္ခာကား ၁၂စီးနဲ့ အင်အား ၂၀၀ လောက်က ကိုင်းတောမရောက်နေပြီ။ ကိုင်းတောမနဲ့မြိုင်က ၁၀မိုင်ပဲရှိတာ။ စစ်ကြောင်းနဲ့မြိုင်ကြားမှာ ဝင်တိုက်တာဆိုတော့ တော်တော်ခံပြင်းသွားပုံရတယ်။”ဟု မြိုင်(ပကဖ) ဒုတာဝန်ခံ ကိုကျောက်တိုင်က ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးခေါ်ပြီး မကြောက်ကြရန်နှင့် စစ်ကူများခေါ်ထားသည်ဟု ပြောကြားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ဒေသခံတစ်ဦးကလည်း “ကိုင်းတောမလမ်းကနေ မြိုင်မြို့တွင်းကို ကားသုံးစီးနဲ့ ဝင်ပြီးတိုက်သွားတာ။”ဟု ပြောသည်။

အမှတ်(၃)ကျောင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းနေသော Non-CDM ဆရာမ၊ ၉ ဦးအား ယာယီခေါ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ယန္ဒရားမလည်ပတ်စေရန်အတွက် CDM ပြလုပ်ရန်သတိပေးပြီး ခံဝန်ကတိလက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်ကြောင်း မြိုင်(ပကဖ) အဖွဲ့က ပြောသည်။

“စစ်ကောင်စီရဲ့ ပညာရေးယန္တရားတွေမှာ ဝင်ရောက်မထမ်းဆောင်ဖို့၊ CDM ပြုလုပ်ဖို့ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တာ။ သူတို့(စစ်တပ်) လာကယ်တယ်ဆိုတာမဟုတ်ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာတွေကို အဲဒီကောင်တွေ ညနေအထိကိုမသွားရဲပါဘူး။”ဟု မြိုင်(ပကဖ) ဒုတာဝန်ခံ ကိုကျောက်တိုင်က ပြောသည်။

စစ်ဆင်ရေးများအား မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)ရင်း (၂)၊ခွဲ (၁) နှင့်ခွဲ (၃)မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ရင်း၁ခွဲ၃ နှင့် ခွဲ(၄)၊ Earthquake people`s defence force၊ Salingyi Special Task Force(SSTF) နှင့်GOEပြောက်ကျားတပ်တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများဖော်ဆောင်တော့မည်ဖြစ်၍ ပြည်သူများစစ်ရေးသတိရှိရန် မြိုင်(ပကဖ)က သတိပေးထားသည်။

မြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံများ၊ သွားစရာနေရာမရှိ၍ ကျန်နေသော ပြည်သူအချို့သာ ကျန်နေခဲ့ပြီး ပြည်သူအများစုမှာ အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း သတင်းရရှိသည်။

(မြိုင်မြို့ပေါ်သို့ ဝင်ရောက်တိုက်ခိုက်နေသော ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။