Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ထောင်မှာ နိုင်ကျဉ်း ၆၀ ကျော်ကို ထပ်တိုးထောင်ဒဏ်တွေချ

ဆိုင်းမင်း/People’s Spring

ပုသိမ်ထောင်မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ထပ်တိုးထောင်ဒဏ်တွေ ချလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံသိရပါတယ်။

ထပ်တိုးထောင်ဒဏ်တွေကို ပြီးခဲ့တဲ့ သြဂုတ်လနဲ့ လက်ရှိစက်တင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးက ချခဲ့တာလို့ အဲဒီကွန်ရက်ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ၆၃ ဦးထဲက ၂၆ ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု နဲ့ ထောင် ၃ နှစ်စီ ၊ ကျန်တဲ့ ၃၇ ဦး ကို လည်း နိုင်ငံဝန်ထမ်းဟန့်တားနှောင့်ယှက်မှုနဲ့ ထောင် ၃ နှစ်စီ ထောင်တွင်းတရားရုံးက အမိန့်ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ထပ်တိုးထောင်ဒဏ် ချခံရသူတွေထဲက ၁၆ ဦးကို နိုင်ငံဝန်ထမ်းအပြင်းအထန်နာကျင်စေမှု ပုဒ်မထပ်ကပ်ပြီး ထောင် ၃ နှစ်စီထပ်ချခဲ့သေးတယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံကသိရပါတယ်။

ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၆ နှစ်စီထပ်တိုးချခံရသူ နိုင်ကျဉ်း ၁၆ ဦးကို ပုသိမ်ထောင် သီးသန့်တိုက်ထဲမှာ ထားထားတယ်လို့သိရပါတယ်။

အခုနှစ် ဇန်နဝါရီလပထမပတ်အတွင်းပုသိမ်ထောင်မှာ နိုင်ကျဉ်းအချို့ရိုက်နှက်ခံရတာကို အခြားသောနိုင်ငံရေးအကျဉ်းသားတွေက ကန့်ကွက်ရာကနေ ထောင်အာဏာပိုင်တွေနဲ့ပဋိပက္ခဖြစ်ခဲ့တာပါ။

ဒါကို ထောင်အာဏာပိုင်တွေက ပစ်ခတ် ရိုက်နှက်ဖြိုခွင်းရာမှာ နိုင်ကျဉ်း ၁ဦးသေဆုံးပြီး ၇၀ နီးပါးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။