Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် KIAနှင့် စစ်ကောင်စီ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်

စက်တင်ဘာ ၂၉ရက် မွန်းလွဲ ၃နာရီခန့်မှစ၍ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း မဒီယန်နှင့် အောင်ဂျာဒေသ၌ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား စစ်မြေပြင်တနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား စစ်မြေပြင်တနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Kachin Land)

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဗန်းမော်လမ်းပိုင်း၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စက်တင်ဘာ ၂၉ရက် မွန်းလွဲ ၃နာရီခန့်မှစ၍ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း မဒီယန်နှင့် အောင်ဂျာဒေသ၌ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်မှုမှာ ၁နာရီခွဲကြာမြင့်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုများအတွင်းနှစ်ဖက်ထိခိုက် ကျဆုံးရှိ၊မရှိကို မသိရသေးပေ။

KIA ဌာနချုပ်နယ်မြေ လိုင်ဇာအနီးဒေသများတွင် ဇူလိုင်လဆန်းမှစ၍ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIAက ကြားဖြတ်တိုက်ခိုက်ခြင်း၊ပိတ်ဆို့တိုက်ခိုက်ခြင်း၊စခန်းသိမ်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်မှုများလည်း အကြိမ်ကြိမ်ပြုလုပ်လျက်ရှိသည်။

စက်တင်ဘာ ၂၈ရက်ကလည်း လိုင်ဇာဒေသရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းကို စစ်ကောင်စီတပ်က (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

လိုင်ဇာဒေသရှိ မုန်လိုင်ခတ်နေရာမှ AA တပ်စခန်းကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ရာ AA အရာရှိတစ်ဦးကျဆုံးပြီး ရဲဘော်အချို့ဒဏ်ရာရခဲ့သည်ဟုပြောသည်။

AAသည် ရခိုင်ပြည်နယ်၌စစ်ကောင်စီနှင့် အပစ်ရပ်ထားသော်လည်း KIA နယ်မြေတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။